မျှော်လင့်ခြင်း

အပတ်စဥ် ၂၀

မျှော်လင့်ခြင်း

ထိုမျှမကဒုက္ခဆင်းရဲခြင်းကိုခံ၍ဝါကြွားဝမ်းမြောက်ခြင်းရှိ၏။ အ‌ ကြောင်းမူကားဒုက္ခဆင်းရဲခြင်းသည် သည်းခံခြင်းကိုပြုစုတတ်၏။ သည်းခံခြင်းသည်လည်း သက်သေထင်ရှားခြင်းကိုပြုစုတတ်၏။ သက်သေထင်ရှားခြင်းသည်လည်းမြော်လင့်ခြင်းကိုပြုစုတတ်၏။
ရောမ ၅:၃-၄

၂၀၂၁ဇန်နဝါရီလတွင်စေ့စပ်ကြောင်းလမ်းပြီးနောက်မင်္ဂလာဆောင် ရန်အတွက် စတင်အစီအစဥ်ရေးဆွဲသောအခါ အဆင်မပြေမှုများ  ဖြစ်သောနှစ်တစ်နှစ်ဖြစ်မည်ကိုမသိခဲ့ပါ။ ၂၀၂၂ ဇန်နဝါရီလ တွင် မင်္ဂလာဆောင်ရန်စီစဥ်ခဲ့ပြီးမြန်မာပြည်မှမိဘများလာရောက်၍ မင်္ဂ လာပွဲတွင်ရှိနေဖို့တွေးထားခဲ့ပါသည်။ လပေါင်းများစွာအလုပ်များ ကြိုးစားလုပ်ပြီးမင်္ဂလာပွဲပြုလုပ်မည့်နေရာရှာခြင်း မင်္ဂလာဝတ်စုံများ ကိုစမ်းဝတ်ကြည့်ခဲ့ပါသည်။ ညဘက်တွင်သတင်းများ နားထောင် သောအခါ သူငယ်ချင်းများအပါအဝင်ဆန္ဒပြသူများကိုရိုက်နှက်ခံရ ပြီးမျက်ရည်ယိုဗုံးများထိခြင်းကိုကြားရပါသည်။ ထိုအခြေအနေကို နားလည်ရန်ခက်ခဲပြီး ဆန့်ကျင်ဘက်စိတ်ခံစားမှုများကို ခံစားနေရ ခြင်းသည် ခက်ခဲလှပေသည်။ နောက်ဆုံးတွင် မိဘများ မင်္ဂလာပွဲ သို့မတက်ရောက်နိုင်ခဲ့ပါ။ မြန်မာပြည်အခြေအနေသည်စိတ်ပျက် စရာဖြစ်နေဆဲပင်။ ထိုအတွေ့အကြုံအားလုံးသည်ကျွန်ပ်တို့ကိုရင့် ကျက် စေပြီးပို၍ကြံ့ခိုင်စေပါသည်။ တစ်ဦးနှင့်တစ်ဦးပို၍စောင့် ရှောက်မှုများလာပါသည်။ကျဆုံးနေသောကမ္ဘာကြီးထဲတွင်နေထိုင် သည်ကိုပို၍သိရှိနားလည်ရပါသည်။ ကျွန်ပ်တို့သည်ဘုရားသခင်မှ အသေအချာဆောင်ကြည်းပေးလာမည့်တရားမျှတမှုကိုယခုမတွေ့မြင်ရသေးသော်လည်းအချိန်တန်လျင် ဘုရားသခင်မှမုချဧကန် တရားမျှတမှုကို ထမ်းဆောင်သွားမည့်သိရှိမြော်လင့်ခြင်းကိုအမြဲ ဆုပ်ကိုင်ထားပါသည်။

အိုအဖ စိန်သည်ဖိအားပေးခံရသကဲ့သို့၊ ရွှံ့ အိုးတစ်လုံးသည် အိုးပြုလုပ်သူလက်ထဲတွင်ပုံသွင်းခံရသကဲ့သို့ ကိုယ်တော်သည် မြော်လင့်ခြင်းဖြင့်ကျွန်ပ်တို့၏အမူအကျင့်ကိုပုံသွင်းနေပါသည်။ မြော်လင့်ခြင်းသည်ကျွန်ပ်တို့၏ပုဂ္ဂိုလ်ရေးနှင့်လူမျိုး၊ နိုင်ငံရေး နှင့်ဆိုင်သော လွတ်လပ်မှုနှင့်ပက်သက်၍ စိတ်အားထက်သန် မှုဖြစ်စေရန်တွန်းအားပေးပါသည်။ ကိုယ်တော်၏ဘုန်းတော် ထင်ရှားဖို့ရန်ခံစားရသောအရာများထဲတွင်အသုံးပြုတော်မူပါ။ ယေရှုနာမ၌တောင်းလျှောက်ပါ၏။ အာမင်။