ခွင့်လွှတ်ခြင်း

အပတ်စဥ် ၁၆

ခွင့်လွှတ်ခြင်း

သူတစ်ပါးသည် အကျွန်ပ်တို့ကို ပြစ်မှားသော အပြစ်များကို အကျွန်ပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ပ်တို့၏အပြစ်များကို လွှတ်တော်မူပါ။
မဿဲ ၆း၁၂

ကျွန်ပ်၏အဖေသည်အရက်သောက်ပါသည်။ အမေသည် စိတ်မ ချမ်းသာရသောသူဖြစ်ပါသည်။ ငယ်ငယ်တုန်းက ညတိုင်းစိုးရိမ် ကြောက်ရွံ့ရပါသည်။ အဖေသည်မူးပြီး လည်ချောင်းဟန့်သံဖြင့် အိမ်ထဲသို့၀င်လာသောအခါအမြဲလိုလိုစိုးရိမ်ထိတ်လန့်မှုမြင့်တက်ခဲ့ သည်ကိုကြုံတွေ့ရပါသည်။ သူ၏မကျေနပ်ချက်များ၊ ပြစ်တင်စွပ်စွဲ မှုများနှင့်ရန်လိုစိတ်များဖြင့်တိတ်ဆိတ်သောညကိုဖြိုခွင်းခဲ့ပါသည်။ ကျွန်ပ်သည်ထိတ်လန့်၀မ်းနဲ၍ငိုသောကြောင့် အစ်ကိုကအပြင်သို့ မကြာခဏခေါ်ထုတ်ခဲ့ရပါသည်။ အဖေကိုအချိန်ကြာမြင့်စွာမုန်းခဲ့ ပါသည်။ Lewis Smedes ၏အဆိုအမိန့်တစ်ခုတွင်“ကျွန်ပ်သည် မိဘကိုမုန်းပြီး ကိုယ့်ကိုယ်ကိုမမုန်းသောသူကို မတွေ့ဘူးပါ” ဟု ကြားခဲ့ပါသည်။ မိမိကိုယ်ကိုမုန်းရန် ဘုရားသခင်ဖန်းဆင်းခဲ့ခြင်း မဟုတ်ပေ။ မိမိကိုယ်ကိုချစ်ဖို့ရန် သူတစ်ပါးကိုခွင့်လွှတ်ရမည်ဖြစ် သည်။ ခွင့်လွှတ်ခြင်းသည် အဆင်ပြေပြီးမနာကျင်ခဲ့ပါဟု မဆိုလို ပေ။ စစ်မှန်သောခွင့်လွှတ်ခြင်းသည် နာကျင်ခံစားရခြင်းနှင့်ထိခိုက် နစ်နာပျက်စီးစေသည့်အရာများကို နက်နက်ရှိုင်းရှိုင်းအမှန်အတိုင်း ချိန်တွက်နားလည်အသိအမှတ်ပြုပြီးသည့်နောက် အမှားလုပ်သူ၏ အမှားကို ရှိသည့်ပမာဏအတိုင်း လွှတ်ငြိမ်းခွင့်ပေးဖို့လိုအပ်ပါ သည်။ ထိုသို့ပြုလျှင် စိတ်နာကျင်အာဃာတထားခြင်း အဆိပ်အ တောက်မှလွတ်မြောက်နိုင်မည်ဖြစ်သည်။ မှန်ကန်သောခွင့်လွှတ် ခြင်းသည် အဆုံးထိခွင့်လွှတ်သောအရှင်ယေရှုခရစ်တော်ထံမှကြီး မားသောတန်ခိုးအားဖြင့်သာ ဖြစ်ပေါ်နိုင်မည်ဖြစ်သည်။ ထိုအံ့သြ ဖွယ်ရာခွင့်လွှတ်တတ်ခြင်းလက်ဆောင်သည် ကျွန်ပ်တို့ကိုလွှတ် မြောက်စေပါသည်။

အိုအဖ ယနေ့မှစ၍ခွင့်မလွှတ်တတ်ခြင်း၏ အချုပ်အနှောင်မှ လွှတ်မြောက်ဖို့ရန်ကျွန်ပ်တို့ကိုကူညီမစပါ။ ယေရှုနာမ၌ဆုတောင်း ပါ၏။ အာမင်။