ကျေးဇူးတင်ခြင်း

အပတ်စဥ် ၁၇

ကျေးဇူးတင်ခြင်း

အိုထာ၀ရဘုရား၊ အကျွန်ပ်သည်စိတ်နှလုံးအကြွင်းမဲ့ကိုယ်တော်ကို ချီးမွမ်းပါမည်။ အံ့ဘွယ်သောအမှုတော်ရှိသမျှတို့ကိုပြညွှန်ပါမည်။
ဆာလံ ၉း၁

ဘုရားသခင်သည်ကျွန်ပ်တို့၏လုပ်ဆောင်ချက်များကိုမရေတွက်  ပါ။ သူသည်ကျွန်ပ်တို့၏စိတ်နေစိတ်ထားရည်ရွယ်ချက်ကိုသာမှတ် ထားပါသည်။ သူ၏အုပ်စိုးခြင်းကိုအသိအမှတ်ပြုလက်ခံသောအခါ စိတ်နှလုံးထဲမှကျေးဇူးတင်ခြင်းနှင့်အတူ သူ့ကိုအမြဲကိုးကွယ်ချီး မြှောက်ချင်ပါသည်။ ခရစ်ယာန်များ၏တန်ဖိုးရှိသောဓလေ့များမှာ တစ်နှစ်ပတ်လုံးအိမ်တွင်ကျေးဇူးတော်ချီးမွမ်း၀တ်ပြုကိုးကွယ်ခြင်းအကြောင်းအရာများဖြစ်သော မွေးနေ့မင်္ဂလာ၊ အိမ်သစ်တက်မင်္ဂ လာ၊ ဘွဲ့ယူခြင်းနှင့်ကျန်းမားရေးပြန်လည်ကောင်းမွန်လာခြင်းမင်္ဂ လာများအားဖြင့်ပါ၀င်ကျင်းပကြပါသည်။ ယနေ့မှစ၍ကျေးဇူးတင် တတ်ရန် သင့်ကိုသင်နှိုးဆော်ပါ။ “ဒီအချိန်အတွက်ကိုယ်တော်ကို ကျေးဇူးတင်ပါတယ်”ဟူသောစာများကိုရေးပြီးသင်မကြာခဏ ကြည့်တတ်သော မှန်၊ ‌ရေခဲသေတ္တာ၊ ဖုန်း၊ စားပွဲစသောနေရာများ တွင်ကပ်ထားပါ။ ဤနည်းဖြင့် ခဏရပ်ပြီး သင်၏နေ့ရက်တိုင်း ဘုရားသခင်ကိုကျေးဇူးတင်ရန် လမ်းပြပေးမှာဖြစ်ပြီးများစွားသော နိုးဆော်မှုရရှိလိမ့်မည်ဖြစ်သည်။ အာရုံခံငါးပါးဖြင့်လည်း ကျေးဇူး တင်ကြောင်းဆုတောင်း၍ပြောနိုင်ပါသည်။ ကျွန်ပ်၏ကျေးဇူးတင် သောဆုတောင်းချက်များမှာ ကျေးဇူးရှင်ဘုရားသခင်ကျွန်ပ်လက် အုပ်ချီဆုတောင်းသောလက်သည် ကြီးမားသောထိတွေ့မှုဖြစ်ပါ  သည်။ ယနေ့အရသာရှိသောလက်ဖက်ရည်တစ်ခွက်ကိုမြည်းစမ်း ခဲ့ရပါသည်။ ယနေ့ကြားရသော မမေ့နိုင်သောအသံကတော့ငှက် ကလေးများ၏တေးဆိုသံဖြစ်ပါသည်။ ယနေ့အကောင်းဆုံးရှူရှိုက် ရသောအနံ့ကတော့ပန်းခြံထဲမှာရှိသော နှင်းဆီပန်းရနံ့ဖြစ်ပါသည်။ ယနေ့မြင်တွေ့ရသောအလှပဆုံးအရာကတော့ နေထွက်ချိန်ဖြစ် ပါသည်။ ယေရှုနာမ၌ကျေးဇူးတင်ရှိပါသည်။ အာမင်။

ကျေးဇူးကြီးလှသောဘုရားသခင် ယနေ့ထိတွေ့ခံစားမိသော အရသာရှိသော၊ ကြားရသော၊ ရှူရှိုက်ရသော တွေ့မြင်ရသော   အရာအားလုံးအတွက်ကျေးဇူးတင်ရှိပါသည်။ ယေရှုနမ၌ကျေးဇူးတင်ပါ၏။ အာမင်။