ရုတ်တရက်ကြောက်စိတ်ဝင်ခြင်း

အပတ်စဥ် ၃၆

ရုတ်တရက်ကြောက်စိတ်ဝင်ခြင်း

ဘုရားသခင်၏ဝိညာဥ်တော်သည်ငါ့ကိုဖန်ဆင်းတော်မူပြီး။ အနန္တ တန်ခိုးရှင်၏အသက်တော်သည် ငါ့ကိုအသက်ရှင်စေတော်မူပြီ။
ယောဘ ၃၃း ၄

အဘိဓာန်စာအုပ်တွင်ရုတ်တရက်ကြောက်စိတ်ဝင်ခြင်းကို “ရုတ် တရက်ထိန်းသိမ်းမရအောင်ကြောက်စိတ်ဝင်ခြင်း”ဟုဖွင့်ဆိုပါ သည်။ ကြောက်စိတ်ဝင်သောစိတ်မူမမှန်ခံစားရသောသူများသည် ကြောက်စရာများဝင်ရောက်နှောက်ယှက်သောအခါ နှလုံးခုန်မြန် ခြင်း၊ မူးဝေခြင်း၊ အသက်ရှူမဝခြင်း၊ စိတ်ထိန်းချုပ်မရခြင်း နှင့် သေခါနီးသကဲ့သို့ခံစားရခြင်းတို့ကိုရင်ဆိုင်ရပါသည်။ စိတ်ပညာ ရှင်တို့က ကြောက်စိတ်၏တိုက်ခိုက်ခြင်းကိုတွေ့ကြုံရသောအခါ အာရုံကြောစနစ်ကိုထိန်းချုပ်ထားရန် အသက်ရှူလေ့ကျင့်ခန်းပြု လုပ်သင့်သည်ဟုပြောပါသည်။ ‌အမေရိကန်အထူးရေတပ်ဖွဲ့ သည် စိုးရိမ်ကြောက်ရွံ့မှုအခက်အခဲများကိုဖြေရှင်းရန်အသက်ရှူသွင်းရှူ ထုတ်ခြင်းနည်းလမ်းတစ်ခုကိုအသုံးပြုပါသည်။ ၄စက္ကန့်ရှူသွင်း ခြင်း၊ ၄စက္ကန့်အောင့်ထားခြင်း၊ ၄စက္ကန့်ရှူထုတ်ခြင်းနှင့် ၄စက္ကန့် အဆုတ်ထဲလေဟာနယ်ထားခြင်းတို့ကိုထပ်ခါထပ်ခါ ပြုလုပ်ရန်ဖြစ် ပါသည်။ ကြောက်စိတ်ဝင်၍ သေလုမတတ်အသက်ရှူမဝခံစားရ သောအခါအသက်ရှူသွင်းရှူထုတ်ပြုလုပ်ပေးခြင်းဖြင့် ဘုရားသခင် အသက်မှုတ်သွင်းခြင်း၊ ဘုရားသခင်ဝိညာဥ်တော်ဖြင့်ဖန်ဆင်းခြင်း နှင့်ဘုရားသခင်ကျွန်ပ်တို့နှင့်အတူရှိခြင်းကိုသတိရစေပါ။ သင့်ကို ကြောက်စိတ်ဝင်ခြင်းလွှမ်းမိုးသောအခါ အသက်ရှူလေ့ကျင့်ခန်းကို ယောဘ၏စကားများအတိုင်းစမ်းသပ်ကြည့်ပါ။

–  ရှူသွင်းခြင်း (စိတ်ထဲတွင် “ဘုရားသခင်၏ဝိညာဥ်တော်”)
– လေအောင့်ထားခြင်း ( “ငါ့ကိုဖန်ဆင်းတော်မူပြီ”)
– ရှူထုတ်ခြင်း ( “အနန္တတန်ခိုးရှင်၏အသက်တော်”) 

– လေဟာနယ်ထားခြင်း (“ငါ့ကိုအသက်ရှင်စေတော်မူပြီ”   ဟုပြောပါ။)
– တစ်ကြိမ်ပြီးတစ်ကြိမ်ပြုလုပ်ပါ။

အိုအဖ ကျွန်ပ်တို့အသက်ရှင်ခြင်းကိုပေးသောကိုယ်တော်၏ အသက်ရှူခြင်းအတွက်ကျေးဇူးတင်ပါသည်။ ယေရှုနာမ၌ဆုတောင်းပါ၏။ အာမင်။