အားကိုးရာမဲ့ဖြစ်ခြင်း

အပတ်စဥ် ၁၉

အားကိုးရာမဲ့ဖြစ်ခြင်း

သင်တို့အတွက်ကြောင့်ငါတို့သည်မရွေ့နိုင်သောမြော်လင့်ခြင်းရှိ၏။ သင်တို့သည်ဆင်းရဲခြင်းကိုဆက်ဆံသကဲ့သို့၊ ထိုနည်းတူသက်သာ ခြင်းကိုဆက်ဆံကြ၏ ဟုငါတို့သိကြ၏။
ကောရိန်သုသြ၀ါသစာဒုတိယစောင် ၁း၇

အကူအညီမဲ့သောအခါသင်ဘာလုပ်သနည်း။ ၂၀၂၁ခုမြန်မာပြည် တွင် အာဏာသိမ်းမှုဖြစ်ခဲ့ပြီးနောက် ကျွန်ပ်သည်အားကိုးရာမဲ့ဖြစ် သည်ဟုခံစားရပါသည်။ မိတ်ဆွေ၊ ဆွေမျိုးများပြောသောအရာမှာ “ယခုဘယ်နေရာမှမလုံခြုံပါ။ အခြေအနေဆိုးပြီးမြော်လင့်ချက်မရှိ၊ ကမ္ဘာကြီးကလျစ်လျူရှုနေပါသည်” ဟူ၍ဖြစ်ပါသည်။ ထိုအချိန် တွင် ပြည်သူလူထုများမည်သို့ခံစားရသည်ကိုမသိကြပါ။ ထို့ပြင် ဆာလောင်ခြင်းနှင့် အကူအညီမရခြင်းတို့ကိုရင်ဆိုင်ကြရပါသည်။ သူတို့သည်စိတ်ရောကိုယ်ပါ မောပန်း​နွမ်းနယ်သောကြောင့်ကိုယ်၊ စိတ်၊ နှလုံးသုံးပါးပင်ပန်းခဲ့ကြသည်။ ခရစ်ယာန်တို့၏ မြော်လင့် ချက်သည် ခရစ်တော်ထံ၌ပင်ဖြစ်သည်။ ကူညီရာမဲ့နေသူများကို ဘယ်လိုမစမလဲ။ ခရစ်တော်သည် ကူညီမယ့်သူမရှိ၊ မြော်လင့် ခြင်းမရှိသူများထဲတွင်ကိန်းအောင်းတည်ရှိပါသည်။ ကျွန်ပ်တို့အ သက်တာသည်အမှောင်ထဲ၌ပင်လျှင် မြော်လင့်ခြင်းနှင့်ကြည်လင် သောအမြင်ရှိဖို့ရန်ခရစ်တော်ကလိုလားပါသည်။ ကျွန်ပ်တို့တွင် ကန့်သတ်ချက်နှင့်အချိန်သတ်မှတ်ချက်များရှိသော်လည်း ခရစ် တော်သည်အဆုံးမရှိ၊ ထာ၀ရဖြစ်ပြီးကျွန်ပ်တို့ဘ၀များကို သိမြင် သောတန်ခိုးရှင်ဖြစ်ပါသည်။ မြန်မာပြည်ရှိလူများ မည်ကဲ့သို့တွေ့ ကြုံစေကာမူ ဘုရားရှင်သည်မြင်တွေ့ပြီးသူတို့နှင့်အတူရှိမည်ကိုယုံ ကြည်ပါသည်။ ထိုယုံကြည်ခြင်းသည် ကျွန်ပ်ကိုအဆုံးစွန်ထိ မြော် လင့်ခြင်းပေးပါသည်။

အိုအဖ ကောင်းကင်နှင့်မြေကြီးဖန်ဆင်းတော်မူသောဘုရားသခင် ထံမှကူညီမစခြင်းလာသည်ကိုကျေးဇူးပြ၍အမြဲသတိရစေပါ။ ယေရှုနာမ၌ဆုတောင်းပါ၏။ အာမင်။