စိတ်အားထက်သန်မှု

အပတ်စဥ် ၁၃

စိတ်အားထက်သန်မှု

….အလွန်ကြည်ညိုသောစေတနာစိတ်နှင့်နှုတ်ကပတ်တ ရားတော်ကိုခံယူ၍မှန်သည်မမှန်သည်ကိုသိခြင်းငှာ၊ ကျမ်းစာကိုနေ့တိုင်းအစဥ်စေ့စေ့ကြည့်ရှုကြ၏။
တမန်တော် ၁၇;၁၁

စိတ်အားထက်သန်မှုကိုကြာရှည်ထိန်းသိမ်းဖို့ရန်ခက်ခဲပါသည်။ စိတ်အားတက်ကြွမှုၡိရန်အတွက်ခွန်အားလိုအပ် ပါသည်။ ကျွန်ပ်၏အားအင်သည်အလွန်နည်းပါးပါသည်။ ဘုရားကျောင်းတွင်ကျမ်းစာသင်ခြင်းကို ကျွန်ပ်သည် ၁၀ နှစ်ထက်ပို၍ဦးဆောင်သင်ကြားခဲ့ပါသည်။ တစ်ခါတစ်ရံ ပါ၀င်သူများပိုမိုနားလည်ရန်နှင့်အတွေ့အကြုံများ‌‌‌ဝေမျှရန် မေးခွန်းများမေးပါသည်။ တုန့်ပြန်မှုကနှုတ်ဆိတ်ခြင်းပင် ဖြစ်ပါသည်။ ဒေါသဖြစ်၍ထွက်သွားချင်မိသည်။ ကျွန်ပ် လိုချင်သည် မှာဗေရိမြို့သားတို့စိတ်အားထက်သန်စွာဖြင့် နှုတ်ကပတ်တော်ကိုခံယူခြင်းဖြစ်ပါသည်။ သို့သော် နှုတ် ဆိတ်နေသောသူတို့သည်ကျွန်၏စိတ်တက်ကြွမှုကိုဖျက်ဆီးသောသူများမဟုတ်ကြောင်းကိုသန့်ရှင်းသောဝိညာဉ် တော်ကဖော်ပြခဲ့ပါသည်။ အမှန်မှာကျွန်ပ်၏မှားယွင်း သောစိတ်နေသဘောထားကြောင့်ဖြစ်ပါသည်။ ဟဗက္ကုတ်အနာဂ တ္တိကျမ်း ၃း၁၇-၁၉ ဖော်ပြသည်မှာ “သင်္ဘောသဖန်းပင် မပွင့်ရ၊ စပျစ်ပင်မသီးရ၊ သံလွင်ပင် ၏ကျေးဇူးကိုမြော်လင့်၍ မခံရ၊ လယ်တို့သည်အသီးအနှံ ကိုမပေးရ၊ သိုးခြံ ၌သိုးကုန် ၍တင်းကုပ်၌နွားမရှိရ။ သို့ သော်လည်း၊ ထာဝရဘုရား၌ ငါဝမ်းမြောက်၍၊ ငါ့ကို ကယ်တင်တော်မူ သောဘုရားသခင်ကိုအမှီပြုလျက်ရွှင် လန်းမည်။ အရှင် ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိ ဖြစ်တော်မူ၏။” စစ်မှန်ခိုင်ခံ့သော စိတ်အားထက်သန် ခြင်းကိုဘုရားသခင်ကိုယ်​တော်၌မွေ့လျော်၀မ်းမြောက် ခြင်းမှသာရရှိနိုင်မည်ဖြစ်ပါသည်။ မိမိကိုယ်ကိုသာမှီခို ၍အားထုတ်သောရလဒ်ကို အားကိုးနေပါကစိတ်အား ထက်သန်ခြင်းကိုတည်တံ့စွာကိုင်ဆွဲနိုင်မည်မဟုတ်ပါ။

ကိုယ်တော်၏အမှုတော်၌စိတ်အားထက်သန် မှုရှိရန် ကိုယ်တော်ကိုသာအမှီပြုရန်ကူညီမစတော်မူပါ။ အာမင်။