ခြေကုန်လက်ပန်းကျခြင်း

အပတ်စဉ် ၁၄

ခြေကုန်လက်ပန်းကျခြင်း

ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။
မဿဲ ၁၁:၂၈

ကျွန်ပ်သည်ပညာသင်ယူလိုစိတ်ပြင်းပြ‌သော်လည်းဆင်းရဲသောရွာကလေးတစ်ရွာတွင်ကြီးပြင်းခဲ့ပြီး ကျောင်းတစ်ဆက်တည်းတက် ရန် အခွင့်အရေးဘယ်တော့မှမရရှိခဲ့ပါ။­  U.S.A ကိုရောက်လာခဲ့ ပြီး အဂႅလိပ်စကားမပြောတတ်ပါ။ မိမိနှင့်မိသားစုအတွက်ကြိုးကြိုး စားစားအလုပ်လုပ်ခဲ့သာမက အချိန်လုပြီးကျောင်းတက်ခဲ့ပါသည်။­ ပညာသင်ယူရာတွင်ပြောမပြတတ်အောင် အလွန်ပင်ပန်းခဲ့ရပါ သည်။ General Education Development (GED) စာမေးပွဲ ဖြေဆိုသောအခါ (၄)ကြိမ်ကျရှုံးခဲ့ပြီးမှအောင်မြင်ခဲ့ပါသည်။ တဖန် Health Education Systems, Inc (HESI) စာမေးပွဲတွင် ၄ကြိမ်ကျရှုံးခဲ့သည်။ ဘုရားသခင်၏ကျေးဇူးတော်နှင့်မိမိကြိုးစား အားထုတ်မှုကြောင့် သူနာပြုကောလိပ်သို့ တက်ရောက်ခွင့်ရခဲ့ပါ သည်။ သူနာပြုဘွဲ့ကို ၂နှစ်အတွင်းကျောင်းပြီးဆုံးရန်အလွန်ပင်ပန်း အခက်ခဲဆုံးဖြစ်ခဲ့ပါသည်။ မအိပ်၊ မစား၊ အနားမယူခဲ့သောကြေင့် ကျွန်ပ်၏ ခန္ဓာ၊ စိတ်၊ ဦးနှောက်တို့သည်အားအင်ကုန်ခမ်းမှုဖြစ် ပေါ်လာသကဲ့သို့ခံစားခဲ့ရပါသည်။ ကျေးဇူးတော်ကြောင့် မေလ ၂၀၂၂ တွင်သူနာပြုကျောင်းတွင်ဘွဲ့ရခဲ့ပါသည်။ ထို့နောက် Registered Nurse တစ်ယောက်ဖြစ်လာရန် National Council Licensure Examination(NCLEX)ကိုဖြေဆိုရမည်။ ပထမ အကြိမ်စာမေးပွဲကျရှုံးပြန်သည်။ ခွန်အားများကုန်ခမ်းပြီးစိတ်ဓာတ် ကျကာဒူးထောက်ပြီးဆုတောင်းခဲ့ပါသည်။ ဘုရားသခင်ထံသို့နှိမ့်ချ စွာတိုး၀င်ချဥ်းကပ်ဆုတောင်းသောကြောင့်ဒုတိယအကြိမ်NCLEX စာမေးပွဲကိုအောင်မြင်ခဲ့သည်။ ဘုရားသခင်သည်ကျွန်ပ်၏နားခိုရာ ဖြစ်ပါသည်။

အိုအဖကိုယ်တော်သည်ကျွန်ပ်တို့၏နားခိုရာနေရာဖြစ်သောကြေင့် ကျေးဇူးတင်ပါသည်။ ယေရှုနာမ၌တောင်းလျှောက်ပါ၏။ အာမင်။