ငြိမ်းချမ်းခြင်း

အပတ်စဥ် ၃၇

ငြိမ်းချမ်းခြင်း

သန်းခေါင်အချိန်၌ ပေါလုနှင့်သိလတို့သည်ပဌနာပြု၍ဘုရားသခင် ကိုချီးမွမ်းလျက်သီခြင်းဆိုလေ၏။ ထောင်ထဲမှာ နှောင်ဖွဲ့ခြင်းကို ခံရသော သူတို့သည်နားထောင်ကြ၏။
တမန်တော် ၁၆း၂၅

ကျွန်ပ်၏မိသားစုသည်ငွေရေးကြေးရေးခက်ခဲကြပ်တည်းပါသည်။ ဆန်ဝယ်စားရန်အခြားသူများထံမှငွေချေးယူရပါသည်။ ကျွန်မ၏ ခင်ပွန်းသည်အရက်သေစာစွဲနေသောကြောင့် မိသားစုဝတ်ပြုစည်း ဝေးတွင်မပါဝင်နိုင်တော့ပါ။ သို့သော်ကျွန်မသည် မနက်တိုင်းစော စောထပြီး“ဘုရားရှင်ကောင်းမြတ်တော်မူ၏။ ဘုရားသခင်ကောင်း မြတ်တော်မူ၏” သီချင်းကိုကျယ်လောင်စွာဆိုပါသည်။ အချို့သော သူများအတွက် ဆန်းကြယ်မှုတစ်ခုဖြစ်ရပါသည်။ ဘုရားရှင် ကောင်းမြတ်တော်မူ၏သီချင်းကို ဘယ်လိုပျော်ရွှင်ငြိမ်းချမ်းမှုမျိုး ကို­ရှာတွေ့ပြီး သီဆိုနိုင်သလဲဟုမေးကြပါသည်။ ဘုရားသခင်သည် ကျွန်မနှင့်အတူရှိသည်ကိုစိတ်နှလုံးထဲတွင် နက်နက်နဲနဲသိရှိသော ကြောင့်ကျွန်မသည်အမှန်ငြိမ်းချမ်းမှုရှိပါသည်။ ဤအရာကိုလူများ နားလည်နိုင်မည်မဟုတ်ပါ။ ပေါလုနှင့်သိလတို့သည် ထောင်ထဲ တွင်ဘုရားသခင်ကို ချီးမွမ်းသီဆိုသောအခါအကျဥ်းသားများနား ထောင်ခဲ့ပါသည်။ သူတို့သည်အကျဥ်းထောင်တွင်ငြိမ်းချမ်းမှုရှိခဲ့ပါ သည်။ အကျဥ်းချခံရခြင်းသည်ပေါလုနှင့်သိလတို့၏ဘုရားသခင် ပေးသောငြိမ်သက်ခြင်းကိုယူဆောင်မသွားနိုင်ပါ။ သင်သည်မည် သည့်အခက်အခဲနှင့်တွေ့ကြုံရင်ဆိုင်ရသော်လည်းဘုရားသခင်နှင့် နီးကပ်စွာရှိနေပါက မည်သူမျှသင့်ကို ထိန်းချုပ်ဟန့်တားနိုင်မည်မ ဟုတ်ပါ။ သင့်ဘေးမှာရှိနေသောသူတစ်ယောက်သည် လောကကို အောင်နိုင်သောသူတစ်ယောက်ဖြစ်ပါသည်။

အိုအဖ ကိုယ်တော်သည်ကျွန်ပ်တို့၏ပြသနာများထက်ပို၍ ကြီးမြတ်သည့်အတွက်ကျေးဇူးတော်ချီးမွမ်းပါသည်။ ကိုယ်တော် ပေးသောဝမ်းမြောက်မှုကိုမည်သူမျှမခိုးယူနိုင်ရန်ကိုယ်တော်နှင့်နီးစေရန်ကူညီမစတော်မူပါ။ ယေရှုနာမ၌ဆုတောင်းပါ၏။ အာမင်။