ကြောက်ရွံ့ခြင်း

အပတ်စဥ် ၁၅

ကြောက်ရွံ့ခြင်း

အကျွန်ပ်သည်ကြောက်ရွံ့သောအခါကိုယ်တော်ကိုခိုလှုံပါမည်။
ဆာလံ ၅၆း၃

ကြောက်ရွံ့ခြင်းသည်အမှန်တကယ်ဖြစ်စေ၊ စိတ်ကူးထဲ၌ဖြစ်စေ အန္တရာယ်ကိုသိမြင်ခြင်းမှထွက်ပေါ်လာသော မသာယာသောစိတ် ခံစားမှုဖြစ်၍ စွမ်းအားကြီးမားလှပါသည်။ ကြောက်ရွံ့ခြင်းသည် တိုက်ခိုက်ခြင်း (သို့) ထွက်ပြေးခြင်းတုံ့ပြန်မှုကိုဖြစ်စေနိုင်သည်။ ကျန်းမာသောကြောက်ရွံ့ခြင်း၏ဥပမာမှာ အိမ်ထဲသို့ မြွေဟောက် တစ်ကောင်၀င်လာလျှင်အကိုက်ခံရမည်ကိုကြောက်ရွံ့သောတုံ့ပြန် ခြင်းဖြင့်သတ်လိုက်ခြင်းဖြစ်ပါသည်။ ထိုနည်းတူစွာလူမဆန်သော စစ်သားများရွာထဲသို့၀င်ရောက်ခါနီးကိုသိခြင်းကြောင့် ကြောက်ရွံ့ ပြီး တောထဲသို့ထွက်ပြေးခြင်းသည်ကောင်းသောရွေးချယ်မှုတစ်ခု ဖြစ်သည်။ မကျန်းမာသောကြောက်ရွံ့ခြင်းမူကားမသင့်တော်သော အာဏာချုပ်တည်းထိန်းကွပ်ခြင်း သို့မဟုတ် လုပ်သင့်သောအပြု အမူကိုရှောင်ရှားခြင်းတို့ကို လုပ်ဆောင်စေပါသည်။ သူ၏အာဏာ ကျရှူံးမှုကိုစိုးရိမ်သောကြောင့်ဘုရင်စောလုသည်ဒါ၀ိတ်ကိုသတ်ရန် လိုက်လံရှာ‌​ဖွေခဲ့ပါသည်။ လူများသူ့ကိုအထင်အမြင်သေးမှာကို ကြောက်ရွံ့သောကြောင့် ပေတရုသည်ဂျူးခရစ်ယာန်များရှေ့တွင် တစ်ပါးအမျိုးသားနှင့်ဆက်သွယ်ရန်ရှောင်ကြည်ခဲ့ပါသည်။ မကျန်း မာသောကြောက်ရွံ့ခြင်းနှင့်တုံ့ပြန်မှုများသည်ဘုရားသခင်၏အလို တော်နှင့်ဆန့်ကျင်သောအရာများဖြစ်သည်။ ကြောက်ရွံ့မှုကြောင့် အပြစ်တင်ခြင်း၊ အဓမ္မတောင်းဆိုခြင်း၊ အပြစ်တင်ဝေဖန်ခြင်း၊ အရှက်ရစေခြင်း၊ ဖယ်ရှားစာရင်းမသွင်းခြင်း၊ ချယ်လှယ်ခြင်း စသောထိန်းချုပ်ခြင်း၊ တိုက်ခိုက်ခြင်းအပြုအမူတို့ကိုသင်ပြုလုပ်ပါ သလား။ ကြောက်ရွံ့မှုကြောင့်တစ်သီးတစ်ခြားနေခြင်း၊ အချိန်ဆွဲ ခြင်း၊ ဆင်ခြင်ပေးခြင်း၊ တာ၀န်မယူခြင်းအစရှိသောရှောင်ရှားခြင်း  အပြုအမူတို့ကိုသင်ပြုလုပ်ပါသလား။ ထိုအချုပ်အနှောင်မှလွ‌တ် မြောက်ဖို့ရန် ဘုရားသခင်ထံတောင်းခံပြီးမကျန်းမာသောကြောက် ရွံ့ မှုများကိုဖော်ပြပေးဖို့ရန် ဘုရားသခင်ကိုတောင်းလျှောက်ပါ။

အိုအဖ မကျန်းမာသောကြောက်ရွံ့မှုကျိန်ခြင်းမှလွတ်မြောက် စေတော်မူပါ။ ယေရှုနာမ၌ဆုတောင်းပါ၏။ အာမင်