အပတ်စဥ် – ၁၂
စာနာခြင်း
အချုပ်အခြာစကားဟူမူကား၊ သင်တို့အပေါင်းသည်စိတ်တညီ တညွတ်တည်းရှိကြလော့။ စိတ်ကြင်နာခြင်း၊ ညီအစ်ကိုချင်းကဲ့သို့ ချစ်ခြင်း၊ သနားစုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်းရှိကြလော့။
၁ပေ ၃း၈
ယခုအခါ ဘ၀အသက်တာတွင် တစ်ကိုယ်ရည်ကျန်းမာပျော်ရွှင် အောင်မြင်ကြီးပွားခြင်းသည် အခြားသောအရာများထက်အရေး ကြီးကြောင်း ကျွန်ပ်တို့အမြဲကြားနေရပါသည်။ မိမိကိုယ်ကိုဂရု စိုက်ပြုစုစောင့်ရှောက်အားပေးခြင်းသည် လိုအပ်ပါသော်လည်း တစ်ပါးသူ၏ခံစားချက်များကိုမျှဝေခံစားခြင်းနှင့် စာနာနားလည် ခြင်းကိုကျင့်ဆောင်ခြင်းသည်လည်းအရေးကြီးပါသည်။ စာနာခြင်း သည်အခြားသူများကို ဂရုဏာထားခြင်း၊ နားလည်ပေးခြင်း နှင့် ခွင့်လွတ်ခြင်းကိုဖော်ပြခြင်းဖြစ်ပါသည်။ အသေးငယ်ဆုံးသော စာနာမှုပင်လျှင် လူတစ်ဦး၏ဘ၀ခရီးကို ပြောင်းလဲစေနိုင်ပါသည်။ အထက်တန်းကျောင်းတွင် သူငယ်ချင်းတစ်ယောက်ရှိခဲ့ပါသည်။ သူသည်ကျောင်းကိစ္စများ၊ကျောင်းစာများ၊မိသားစုအရေးကိစ္စများ ဖြင့်ရုန်းကန်ရပါသည်။အုပ်စုလိုက်ကျောင်းစာလုပ်စဉ်မှားယွင်းသွား သောအခါကျွန်ပ်သည်စိတ်ပျက်၍ သူ့ကိုအားမလိုအားမရမညှာ မတာဆက်ဆံခဲ့ခြင်းကြောင့်ကျွန်ပ်တို့၏ခင်မင်မှုသည်ထိခိုက်မှုဖြစ် သွားပါသည်။ကျွန်ပ်သည်ကိုယ်ချင်းစာနာစိတ်ကိုပိုထားပြီးဆက်ဆံ ခဲ့လျင်သူ၏စိတ်ဖိစီးမှုကိုသက်သာစေနိုင်ပြီးကျွန်ပ်တို့၏ဆက်ဆံရေးကိုထိခိုက်စေခဲ့မည်မဟုတ်ပါ။ခရစ်တော်သည်စာနာစိတ်အမူ အကျင့်ကိုအမြောက်အများပြသခဲ့ပါသည်။ ယောဟန်၈တွင် ကျောက်တုံးဖြင့်ပစ်သတ်ခံရမည့် ဖောက်ပြန်သောအမျိုးသမီးကို တစ်မြို့လုံးကနာကျင်စေလိုခဲ့ပါသည်။ခရစ်တော်တစ်ပါးတည်းသာသူမအားစာနာခွင့်လွှတ်ခြင်းကိုပြသခဲ့ပါသည်။ ခရစ်တော်သည် ကျွန်ပ်တို့ကိုကိုယ်ချင်းစာခွင့်လွတ်သကဲ့သို့ကျွန်ပ်တို့သည်လည်းအခြားသူများကိုစာနာစိတ်နှင့်ချစ်ခြင်းမေတ္တာဖြင့်ဆက်ဆံရပေမည်။
ဘုရားသခင် အခြားသူများကိုစာနာစိတ်နှင့်ဆက်ဆံနိုင် ဖို့သင်၏နှလုံးသားကိုပေးတော်မူပါ။ ယေရှုနာမ၌တောင်း လျှောက်ပါသည်။ အာမင်။