အထင်အမြင်သေးခြင်း

အပတ်စဥ် ၈

အထင်အမြင်သေးခြင်း

ယေရှုကလည်း၊ ပရောဖက်သည်မိမိမြို့၊ မိမိအဆွေနေရာ၊ မိမိအိမ်မှတစ်ပါး အခြားသောအရပ်၌ အသရေရှိသည်ဟု ထိုသူတို့အား မိန့်တော်မူ၏။
မာကု ၆း၄

အထင်သေးခြင်းသည်တစ်စုံတစ်ယောက်(သို့) တစ်စုံတစ်ခုကိုနိမ့် ကျသော၊ ဆင်းရဲသော၊ အသုံးမကျသော၊ ရွံရှာဖွယ်ကောင်းသော အရာကဲ့သို့ကြည့်သော၊ မှတ်ယူသောသဘောထားဖြစ်ပါသည်။ ခရစ်တော်သည် ပစ်ပယ်ခြင်းနှင့်မလေးမစားပြုလုပ်ခြင်းခံရပြီး လူ့ အသိုင်းအဝိုင်း၏အထင်သေးခြင်းကိုခံရပါသည်။ အထင်သေးခြင်း သဘောထားကိုမိသားစုများ၊ အဖွဲ့အစည်းများ၊ အသင်းတော်များ တွင်လည်းတွေ့ရှိရပါသည်။ တခါတလေ ကလေးလူငယ်များမှမိဘ မှအင်္ဂလိပ်စကားမပြောတ်သောကြောင့်အထင်မြင်သေးပါသည်။ မိဘများမှလည်းကလေးများသည်ကိုယ်လိုချင်သောကရင်ရိုးရာပုံစံ ကွက်တိမ၀င်သောကြောင့်အထင်မြင်သေးပါသည်။  တစ်ခါတစ်ရံ အသင်းတော်ထဲတွင်ကြားရသောစကားတစ်ခုမှာ“ကျွန်ပ်သည်က ရင်အဖွဲ့အစည်းနှင့် အသင်းတော်များတွင်ပူးပေါင်းပါ၀င်လိုခြင်းမရှိ ပါ” ဖြစ်ပါသည်။ ကရင်အသင်းတော်များသည်အမှန်ပင်အားနည်း ချက်များရှိပါသည်။ သို့သော်အားနည်းချက်မရှိသောအသင်းတော် များရှိပါသလား။ အထင်သေးခြင်းသည်မာနကြီးခြင်းနှင့်လူတစ် ယောက်၏အားနည်းချက်များကိုသာအာရုံစိုက်ခြင်းမှ အစပြုပါ သည်။ အထင်သေးခြင်းသည် မိသားစု၊ မိတ်ဆွေဆက်ဆံရေးကို ပျက်ပြားစေပြီး မိမိသည်သူတစ်ပါးထက်သာ၍ကောင်းမြတ်သည် ဟုအသိမှားခြင်းကိုဖြစ်တည်စေပါသည်။ သမ္မာကျမ်းစာက ဖော်ပြ သည်မှာ “ရန်တွေ့လိုသောစိတ်၊အချည်းနှီးကျော်ဇောကိတ္တိကိုတပ် မက်သောစိတ်ရှိအဘယ်အမှုကိုမျှမပြုကြနှင့်။ သူတစ်ပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက် မှတ်ကြလော့။” (ဖိလိပ္ပိ ၂း၃)

အို ဘုရားသခင် မိသားစုအသင်းတော်များနှင့်အဖွဲ့အစည်းများထဲ တွင် ဆိုးရွားသောနှိမ့်ချခြင်းမှ ကျေးဇူးပြ၍ ကွယ်ကာတော်မူပါ။ ယေရှုနာမ၌ဆုတောင်းပါသည်။ အာမင်။