ရောင့်ရဲခြင်း

အပတ်စဥ် ၉

ရောင့်ရဲခြင်း

ရောင့်ရဲသောစိတ်ပါလျင်၊ ဘုရား၀တ်၌မွေ့‌လျော်ခြင်းသည် ကြီးစွာ သောအကျိုးစီးပွားမှန်၏။ အကြောင်းမူကား၊ ငါတို့သည် ဤ လောကထဲသို့ အဘယ်အရာမျှမပါဘဲလာသည်ဖြစ်၍၊ ထွက်သွား လျှင်လည်း၊ အဘယ်အရာကိုမျှယူ၍ မသွားနိုင်ဟု ထင်ရှားလျက် ရှိ၏။ သို့ဖြစ်၍ စားရန်၊ ၀တ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက်နေကြ ကုန်အံ့။
၁တိ ၆း၆-၈

ကျွန်မ၏ Van ကား (၂၀၀၄ တိုယိုတာ စီယာနာ)ကိုယနေ့ထိ မောင်းဆဲဖြစ်ပါသည်။ ၎င်းသည်အသင့်အတင့် ပြေးဆွဲနေတုန်းပါ။ သို့သော်ကားသည်အရောင်မှိန်၍သံချေးတက်ပါသည်။ ကားဘီး၏ အပြင်ဘက်အနားကွပ်သည်ကြည့်ရဆိုးသောဘီးကိုမြင်ရပြီးထိုင်ခုံ အဖုံးများသည်လည်းစုတ်ပြဲနေပါသည်။ မိုင်ပေါင်း ၂၇၈,၆၇၉ မိုင် သွားခဲ့ပြီးဖြစ်ပါသည်။ကျွန်မသည်ကားအသစ်ုကိုအမှန်ပင်လိုချင် ခဲ့ပါသည်။ တစ်ခါကကားသည်အခိုးခံရပြီး ကားအသစ်တစ်စီးရ တော့မည်ဟုစဥ်းစားပြီး အလွန်ပျော်ရွှင်ခဲ့ရပါသည်။ ရဲကသူခိုးကို ဖမ်းပြီး နောက်၃ရက်အကြာတွင် Van ကားပြန်ရောက်လာသော ကြောင့်စိတ်ပျက်ခဲ့ပါသည်။ တစ်နေ့ဘုရားကျောင်းမှထွက်လာပြီး  အပြင်ကိုကြည့်ရာ တောက်ပြောင်ပြီးဆွဲဆောင်မှုရှိသော ကားအ သစ်များကိုသတိထားမိပါသည်။ ကျွန်မ၏ဟောင်းနွမ်းသောကား ကိုကြည့်လိုက်ပြီး အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်ခဲ့ပါသည်။ ကားထဲသို့၀င်ပြီးဖုန်းကိုကြည့်သောအခါ သူငယ်ချင်းထံမှ ဂူထဲ တွင် (သို့) ကျောက်ကြို ကျောက်ကြားအောက်တွင်ပုန်းအောင်းနေ သောကျွန်မတို့ ကရင်လူမျိုးများ၏ဆုတောင်းသီချင်းဆိုဝတ်ပြုခြင်း ပြုလုပ်နေသော ဓာတ်ပုံကိုရရှိခဲ့ပါသည်။ ကျွန်မ၏ မရောင့်ရဲမှု၊ တပ်မက်မှုအတွက်ရှက်မိပါသည်။ အမှန်တကယ်ချမ်းသာသောသူ ကိုမှန်းဆကြည့်ပါ။ မပြောင်းလဲသောသခင်၏ချစ်ခြင်းမေတ္တာနှင့် ဘုရားသခင်၌ရောင့်ရဲခြင်းကိုရှာတွေ့သောသူသည် ချမ်းသာသော သူတစ်ယောက်ဖြစ်ပါသည်။

အိုအဖ – လောကနွံထဲမှကျေးဇူးပြု၍လွတ်မြောက်စေပါ။ ကိုယ်တော်၌ရောင့်ရဲခြင်းရှိပြီးကိုယ်တော်ကိုသာတောင့်တရန် မစတော်မူပါ။ ယေရှုနာမ၌ဆုတောင်းပါသည်။ အာမင်။