လိုအပ်မှု

အပတ်စဥ် ၃၂

လိုအပ်မှု

သင်တို့သည်အလိုမပြည့်စုံနိုင်ကြ။ အကြောင်းမူကား ဆုမတောင်းဘဲ နေကြ၏။
ယာကုပ် ၄း ၂ ခ

သင်တို့တောင်းပန်လိုသောအရာများတို့ကိုဘုရားသခင်အား
ကြားလျှောက်ကြလော့။
ဖိလိပ္ပိ ၄း ၆ခ

တနင်္ဂနွေတစ်နေ့တွင်ကျွန်ပ်သည်စာအုပ်များ၊ ကွန်ပြူတာတစ်ခု၊ projector တစ်ခု၊ ပန်းကန်ပြားများ၊ ခွက်များနှင့် မုန့်များကိုသယ် ဆောင်၍ဥပုသ်စာဖြေကျောင်းသို့သွားခဲ့ပါသည်။ ကျောင်းသားများ တစ်ဦးတစ်ယောက်မျှ ကျွန်ပ်၏ဝန်ထုပ်ဝန်ပိုးများကိုကူသယ်ပေး ရန်မရှိပါ။ နောက်တွင်မိမိနှင့်လူမျိုးတူသောသူငယ်ချင်းများကို    “အမေရိကားတွင်ကြီးပြင်းလာသောကလေးများသည်အသိတရား မရှိဟု” မကျေမနပ်ပြောခဲ့ပါသည်။ ထိုကဲ့သို့ပင်တနင်္ဂနွေနေ့တိုင်း ဖြစ်ခဲ့ပါသည်။ ထို့နောက်မိမိလူမျိုးမဟုတ်သောသူငယ်ချင်းတစ် ယောက်ကိုမကျေမနပ်ပြောသောအခါ သူက “သင့်ကိုကူညီဖို့ဘာ ဖြစ်လို့အကူအညီမတောင်းတာလဲ” ဟုရိုးရိုးလေးပြောပါသည်။ ထို့ နောက်နောက်အပတ်တနင်္ဂနွေနေ့တွင်ထိုကလေးများကိုကူညီဖို့ရန် ပြောသောအခါသူတို့သည်လာ၍ကူညီခဲ့ပါသည်။ သူတို့ကိုကျေးဇူး တင်ကြောင်းပြောပြီး တနင်္ဂနွေနေ့တိုင်းကူညီဖို့ရန်တောင်းဆိုခဲ့ပါသည်။ ထိုမှစ၍တနင်္ဂနွေနေ့တွင်ဝန်ထုပ်ဝန်ပိုးများသယ်ဆောင်ဖို့ ရန်အခက်အခဲမရှိတော့ပေ။ မကြာခဏပင်ကျွန်ပ်တို့၏ လိုအပ် ချက်များဖြည့်စည်းခြင်းမခံရသောအခါကျွန်ပ်တို့၏စိတ်ကိုလူများ ဖတ်ရန်အလိုရှိပါသည်။ ကျွန်ပ်တို့၏လိုအပ်ချက်များကိုကောင်း သောနည်းလမ်းများဖြင့်ရိုးရှင်းစွာဖော်ပြရမည့်အစားသုန်မှုန်၍မကျေမနပ်ပြောဆိုရန်နှစ်သက်ပါသည်။ ကျွန်ပ်တို့လိုအပ်ချက်များ ကိုဘုရားရှေ့တွင်ဖော်ပြရန်ကျမ်းချက်များကခွန်အား‌ပေးပါသည်။ ထိုကဲ့သိုလိုအပ်ချက်များကိုဖော်ပြအသိပေးခြင်းသည်အရေးကြီး ပြီး တစ်ဦးနှင့်တစ်ဦးဆက်ဆံရေးတွင်ခွန်အားများဖြစ်စေပါသည်။

အိုအဖ ကိုယ်တော်နှင့်အခြားသူများအား­ကျွန်ပ်တို့လိုအပ် ချက်များကိုဖော်ပြရန်နှင့်မိမိလိုအပ်ချက်များကိုအမှန်သိရှိရန် သွန်သင်တော်မူပါ။ ယေရှုနာမ၌ဆုတောင်းပါ၏။ အာမင်။