၀မ်းမြောက်ပျော်ရွှင်ခြင်း

အပတ်စဥ် ၁၀

၀မ်းမြောက်ပျော်ရွှင်ခြင်း

ထာ၀ရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင်၊ စိတ်နှလုံး အလိုပြည့်စုံရသောအခွင့်ကိုပေးတော်မူမည်။
ဆာလံ ၃၇း၄

ကျွန်ပ်သည်အသင်းတော်၊ ဆေးရုံနှင့် သာသနာတာ၀န်များနှင့်အ လုပ်များသောအခါ ဘုရားရှင်၏မျက်မှောက်တော်၌ ၀မ်းမြောက် ပျော်ရွှင်ရန် ခက်ခဲသောအချိန်များရှိခဲ့ပါသည်။ “သေသည့်တိုင် အောင်ဘုရားရှင်အတွက် ကောင်းသောအရာများပြုလုပ်ပါ” ဟု ယုံကြည်သူများပြောခြင်းကို မကြာခဏကြားရပါသည်။ ကျွန်ပ်   သတိပြုမည့်သည့်အရာတစ်ခုမှာဘုရားရှင်အတွက်ကောင်းသောအရာများကိုများစွာပြုလုပ်သောအခါ အလုပ်များလွန်းသောကြောင့် ကျွန်ပ်အတွက်ဘုရားသခင်ပြင်ဆင်ထားသော နှုတ်ကပတ်တော် ကိုလျစ်လျူရှုမိပြီးဘုရားသခင်၌ မိသဟာရဖွဲ့ခြင်းနှင့် ၀မ်းမြောက် ခြင်းကိုအတားအဆီးဖြစ်စေတတ်ပါသည်။ ဘုရားသခင်၌၀မ်း မြောက်ခြင်းမရှိသည်ကိုသိရှိသောအခါ ဘုရားရှင်၏သန့်ရှင်းသော ၀ိညာဥ်တော်သည်ကျွန်ပ်၏စိတ်နှလုံးထဲ၌ ကိန်းအောင်းဖို့ကူညီမစ ရန် ဆုတောင်းခဲ့ပါသည်။ ဘုရားရှင်သည် ဆုတောင်းသံကိုနား ညောင်းတော်မူ၍အဖြေပေးခဲ့ပါသည်။ သင်တို့ကိုလည်း ဖြေကြား ပေးရန် သစ္စာရှိသောဘုရားရှင်ဖြစ်ပါသည်။ ဟေဗြဲ စကားလုံး ၀မ်းမြောက်ခြင်း (anag) သည်ကျွန်ပ်တို့ကို ဘုရား၌ မွေ့လျော် ခြင်းကိုရှာရန်မိန့်ဆိုထားပါသည်။ ကျွန်ပ်တို့၏ နှလုံးသားများကို ဘုရားရှင်ထံအပ်နှံပြီး ခရစ်တော်ကိုအမှီပြုလျှင်မဖော်ပြနိုင်သော ၀မ်းမြောက်ခြင်းကိုတွေ့ရှိရပေလိမ့်မည်။ ကောင်းကင်နှင့်မြေကြီး ကို ဖန်ဆင်းတော်မူသောဘုရားရှင်သည် သူနှင့်နီးစေဖို့ပို၍လိုလား ပါသည်။ သို့သော်သူ၏ရှေ့တော်မှောက်၌ ဆုတောင်းခြင်း၊ကျမ်းစာ ကိုဆင်ခြင်နှလုံးသွင်းခြင်းနှင့်နှုတ်ကပတ်တော်အားဖြင့် ပြောသော စကားကို ကြားခြင်းဖြင့်တိုး၀င်ချည်းကပ်ရပါမည်။

ကျေးဇူးကြီးမားလှသောဘုရားသခင်ကိုယ်တော်၏ရှေ့တော်၌၀မ်းမြောက်ဖို့အချိန်ပေးရန်ကူညီမစပါ။ ကြီးမားသောချစ်ခြင်းမေတ္တာ၊ သနားဂရုဏာတော်၌၀မ်းမြောက်ပျော်ရွှင်ခြင်းရှိရန် မစတော်မူပါ။ ယေရှုနာမ၌ဆုတောင်းပါ၏။ အာမင်။