စိတ်ဓာတ်ကျခြင်း

အပတ်စဥ် ၁၁

စိတ်ဓာတ်ကျခြင်း

အိုထာ၀ရဘုရား၊ ယခုတန်ပါ၏။ အကျွန်ပ်အသက်ကို သိမ်းယူ တော်မူပါ။ အကျွန်ပ်သည်ဘိုးဘေးတို့ထက်သာ၍ မကောင်းပါ။
ဓမ္မရာဇဝင်​တတိယစောင် ၁၉း၄(ခ)

စိတ်ဓာတ်ကျခြင်းကိုခံစားရသောသူများသည် ကျွန်ပ်တို့ ကရင် ယဥ်ကျေးမှုနှင့်ယုံကြည်မှုများတွင် အသရေမရှိဟုထင်မြင်တတ် သောကြောင့်မိမိအကြောင်း(သို့)သူတို့ချစ်ရသောသူ၏အကြောင်း နှင့်ပက်သက်၍ ပြောပြဖွင့်ဆိုအကူညီတောင်းရန် ၀န်လေးကြပါ သည်။ အသင်းတော်တွင်စိတ်ဓာတ်ကျခြင်းဖြင့် ရင်ဆိုင်ရသော  မိသားစုဘယ်နှစ်စုရှိသည်ထင်ပါသလဲ။ ထိုသူများသည် ကျွန်ပ်တို့ ၏ ညီအစ်ကိုမောင်နှမများ၊ အသိုင်းအဝိုင်းတွင်းရှိလူများနှင့်ဘုရား ကျောင်းတွင်သင့်ဘေးမှာထိုင်သောသူများဖြစ်ပါသည်။ ယခုအချိန် တွင်တစ်‌ယောက်ယောက်သည်အမှန်နာကျင်ခံစားနေရ​သော်လည်း သင့်ကိုပြောပြရန်စိုးရိမ်ကြောင့်ကြနေ​လိမ့်မည်။ ဓမ္မရာဇဝင်တတိ ယစောင် ၁၉:၁-၁၆တွင် ဘုရားသခင်မှရွေးကောက်တော်မူသော ဧလိယသည် စိတ်ဓာတ်ကျခြင်းကို ခံစားနေ​ရသည်ကိုဖတ်ရှူရပါ သည်။ ဧလိယသည်စိတ်ဓာတ်ကျခြင်းလက္ခဏာဖြစ်သော အိပ်မ ပျော်ခြင်း၊ ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်ခြင်း၊ အသုံးမ၀င်သော၊အဖော် မဲ့ခြင်း၊ မကျန်းမာသောအတွေးများဖြင့်အသက်မရှင်လိုခြင်းများခံ စားတွေ့ကြုံခဲ့ရသည်။ ယခုလက်ရှိအချိန်တွင်လည်း စိတ်ဓာတ်ကျ ခြင်းလက္ခဏာများကိုခံစားရသူများပျံ့နှံ့လျက်ရှိပါသည်။ ထာ၀ရ ဘုရား၏တမန်တော်သည် ဧလိယခွန်အားပြန်ပြည့်ပြီး စိတ်ကြည် လင်လာသည့်တိုင်အောင် ပြုစုစောင့်ရှောက်ခဲ့ပါသည်။ ခရစ်တော် သည်စိတ်မကျန်းမာသောသူများကိုကူညီရန် အကောင်းဆုံးဥပမာ ကိုပြသခဲ့ပါသည်။ ခရစ်တော်သည် ဘေးဖယ်ထားခြင်းခံရသော လူများ၊ ၀ိုင်းပယ်ခြင်းခံရသောသူတို့ကို ဂရုစိုက်အရေးယူစောင့် ရှောက်ကူညီခဲ့ပါသည်။ သင်သည်လည်းထိုကဲ့သို့ပြုလော့။

ကျေးဇူးကြီးမားလှသောဘုရားရှင်၊ “ယခုတန်ပါ၏၊ ကျွန်ပ်ဆက် လက်မခံစားနိုင်တော့ပါ”ဟုပြောသောသူများကိုကူညီရန်နှင့်မျှော်လင့်ခြင်းများမျှဝေဖို့ရန်မစတော်မူပါ။ ယေရှုနာမ၌ဆုတောင်းပါ၏။ အာမင်။