အပတ်စဥ် ၇
ရဲရင့်ခြင်း
သင်သည်အားယူ၍ရဲရင့်သောစိတ်နှင့်လုပ်ဆောင်လော့၊ မစိုးရိမ်နှင့်၊ စိတ်မပျက်နှင့်။ ငါ၏ဘုရားသခင်ထာ၀ရ အရှင်ဘုရားသခင်သည်သင်နှင့်အတူရှိတော်မူလိမ့်မည်။
၁ရာ ၂၈း၂၀
တစ်ပါးတည်းသော ဘုရားကိုယုံကြည်သူတစ်ယောက် အနေဖြင့် ကျွန်ပ်တို့သည်ဘယ်တုန်းကမှတစ်ဦးတည်း မဟုတ်သောကြောင့် နှစ်သိမ့်မှုခွန်အားရရှိပြီး ရဲရင့်သော၊ ခွန်အားရှိသော၊ သတ္တိရှိသော အသက်တာကို နေထိုင်အသက်ရှင်နိုင်ပါသည်။ ကျွန်ပ်တို့ကရင် လူမျိုးများသည် ဆယ်စုနှစ်များစွာ ပြည်တွင်းစစ်၏သားကောင် ဖြစ်ခဲ့ပါသည်။ သို့သော်ဘုရားသခင်သည် ကျွန်ပ်တို့နှင့် အတူပါရှိ သည်ကိုသိရှိလျက်၊ စိတ်ဆင်းရဲမှု၊ ညှင်းပန်းနှိပ်စက်မှု၊ ဆင်းရဲဒုက္ခ ရောက်မှုကြားတွင် ဘုရားသခင်ထံမှရဲရင့်မှုကိုရရှိပါသည်။ တော ထဲတွင် ပုန်းရှောင်နေစဥ် ကျွန်ပ်တို့ကရင်လူမျိုးများသည် ရဲ၀ံ့စွာ ဘုရားသခင်ကိုဆုတောင်း၊ ချီးမွမ်း၊ ကျေးဇူးတင်ခဲ့ပါသည်။ ဒါ၀ိတ် သေဆုံးခါနီးတွင်အစ္စရေးနိုင်ငံအကြီးအကဲများကိုစုဝေးပြီးဘုရားသခင်နောက်တော်သို့လိုက်ရန်သူတို့ကိုတိုက်တွန်းခဲ့ပါသည်။ ဒါ၀ိတ် သည် သူ၏ပလ္လင်ကိုအစဥ်ထာ၀ရတည်တံ့စေမည့် ဘုရားသခင် ၏ဂတိတော်ကိုမမေ့လျော့ရန်သူတို့ကိုသတိပေးပြောဆိုပါသည်။ ဒါ၀ိတ်သည် ဆော်လမွန်ဖက်လှည့်၍ ဘုရား၏အိမ်တော်တည် ဆောက်ရန်နှင့်လူများကိုကောင်းမွန်စွာအုပ်ချုပ်ရန် တိုက်တွန်းခဲ့ပြီး ဆော်လမွန်မှဘုရားသခင်သည်သူနှင့်အတူရှိပြီးသူ့အားဘယ်တော့မှစွန့်ပယ်လိမ့်မည်မဟုတ်ဟုခွန်အားပေးပါသည်။ထို့ကြောင့်ဒါ၀ိတ် ကဆော်လမွန်ကို“အားယူ၍ရဲရင့်သောစိတ်နှင့်လုပ်ဆောင်ဖို့ရန်” မိန့်တော်မူခဲ့ပါသည်။ အမှုတော်ကိုထမ်းဆောင်သောကျွန်ပ်တို့ကို ဘယ်တော့မှ မစွန့်ပစ်သောကျွန်ပ်တို့နှင့် အမြဲအတူရှိတော်မူသော ဘုရားသခင်သည် ကြီးမြတ်အံ့သြဖွယ်ဖြစ်ပါသည်။
အိုအဖ ယုံကြည်ခြင်းနှင့် ရဲရင့်ခြင်းကိုပေးသည့်အတွက် ကျေးဇူး တင်ပါသည်။ ဆက်လက်ပြီးကိုယ်တော်၏အလိုတော် ပြည့်စုံရန် ခွန်အားပေး၍လမ်းပြတော်မူပါ။ ယေရှုနာမကိုအမှီပြု၍ဆုတောင်း ပါသည်။ အာမင်။