အံ့သြခြင်း

အပတ်စဥၲ – ၂

အံ့သြခြင်း

အာဏာနှင့် ဟောတော်မူသောကြောင့် ပရိတ်သတ်တို့သည် ‌‌ဒေသနာတော်ကိုအလွန်အံ့သြကြ၏။
လုကာ ၄း၃၂

Mather Point မှ Grand Canyonမှကြည့်သောအခါ ကျွန်ပ် အရှေ့မှာဘုရားသခင်၏ ခမ်းနာ;ထူးကဲသော အလှအပလက်ရာ များကို အကြွင်းမဲ့အံ့သြခြင်းဖြစ်ရပါသည်။ ၁၂ကြိမ်ထက်ပို၍ Grand Canyon ကိုရောက်ခဲ့ဖူးသော်လည်း တစ်ခါသွားတိုင်း ကျောက်သားကျောက်လွှာများ၏အံ့သြဖွယ်ရာပုံသဏ္ဍန်အသစ်နှင့် ဆွဲဆောင်မှုရှိလှသောအရာများကိုတွေ့ရပါသည်။ ကျွန်ပ်တို့ အ သက်တာတွင်အံ့သြဖွယ်ရာလုပ်ရပ်များအတွက် ဘုရားသခင်၏ လက်ရာတော်များသည် မကုန်ဆုံးနိုင်သောအံ့သြဖွယ်ရာများကို ပေးသကဲ့သို့ ဘုရားသခင်၏နှုတ်ကပတ်တော်သည် မကုန်ခမ်းနိုင် သောအမှန်တရား တန်ခိုးအာဏာနှင့်ဉာဏ်ပညာတို့ကို အံ့သြဖွယ် ဖော်ပြပါသည်။ “အံ့သြဖွယ်ရာ” စကားလုံးကိုသင်စဥ်းစားလျှင် စိတ်ထဲတွင်ဘာဖြစ်လာနည်း။ အားလပ်ရက်ခရီးထွက်ခြင်း၊ အိမ် အသစ်၊ ကားအသစ်၊ ပစ္စည်းအသစ်နှင့်အားကစားပြိုင်ပွဲများဖြစ်ပါ သလား။ မည်သည့်အခါတွင် ဘုရားသခင်၏နှုတ်ကပတ်တော် သည် သင့်အတွက်အံ့သြစရာဖြစ်ပါသနည်း။ သင်တို့၏အသင်း တော်တွင်တန်ခိုးပါရှိသောနှုတ်ကပတ်တော်အားဖြင့်ရှင်သန်တက်ကြွလှုပ်ရှားသော အံ့သြဖွယ်ရာများရှိပါသလား။ Grand Canyon ကိုဖန်ဆင်းသောဘုရားသခင်သည်သင်နှင့်အတူမိတ်သဟာရ ဖွဲ့ချင်ပါသည်။ အကြွင်းမဲ့အာဏာရှိသောအရာခပ်သိမ်းကို လွန်စွာ သိရှိသော၊ နေရာတိုင်းတွင်ရှိနေသော ဘုရားသခင်သည် သမ္မာ ကျမ်းစာတွင်ပါရှိသော စကားလုံးအားဖြင့် သင့်ကို အံ့အားသင့် စေရန် အလိုရှိပါသည်။ စဥ်းစားပါ။ အံ့သြဖွယ်ရာများဖြစ်ပါစေ။

အိုအဖ ကျွန်ပ်သည်ကျမ်းစာဖတ်ရန်ပျင်းရိသော ခရစ်ယာန် တစ်ယောက်ဖြစ်သည်ကို၀န်ခံပါ၏။ ကျေးဇူးပြု၍ကိုယ်တော် ၏နှုတ်ကပတ်တော်ကို လေ့လာမှတ်သားလျက် စိတ်နှလုံးထဲ တွင်စီး၀င်စေတော်မူပါ။ နှုတ်ကပတ်တော်အားဖြင့် အံ့သြဖွယ်   ရာဖြစ်စေတော်မူပါ။ယေရှုနာမ၌ ဆုတောင်းပါသည်။ အာမင်။