ရှောင်ရှားခြင်း

အပတ်စဥ် – ၅

ရှောင်ရှားခြင်း

ထိုအခါငါသည်သေလောက်အောင်စိတ်နှလုံးအလွန်ညှိုးငယ်ခြင်းရှိ၏။ ဤအရပ်၌စောင့်နေကြလော့ ဟုတပည့်တော်သုံးယောက်တို့ အား မိန့်တော်မူ၍၊
မာကု ၁၄း၃၄

စိတ်ခံစားမှုသည် ဤကမ္ဘာတွင် လူများအရှောင်ရှားဆုံးအရာဖြစ် သည်။ ၀မ်းနည်းခြင်း၊ ဒေါသဖြစ်ခြင်း၊ ကြောက်ရွံ့ခြင်းသည်စွမ်း အားကြီးမားသောစိတ်ခံစားမှုများဖြစ်ပါသည်။ ကျွန်ပ်တို့သည်စိတ် ထိန်းချုပ်ရန်အတွက်ကြီးမားသော အခက်အခဲများကိုရင်ဆိုင်ရနိုင် ပါသည်။ အချို့လူများသည်ခရစ်ယာန်များကို ယုံကြည်ခြင်းအား နည်းသောကြောင့်စိတ်ခံစားမှုများ ခံစားနေရသည်ဟုဆုံးဖြတ်ကြ သည်။ အမှန်စင်စစ်စိတ်ခံစားမှုသည် ဘုရားသခင်ဖန်ဆင်းသော အရာတစ်ခုဖြစ်ပြီးခရစ်တော်ကိုယ်တိုင်စိတ်ခံစားမှုအားလုံးကိုခံစား ခဲ့ရပါသည်။ စိတ်ခံစားမှုသည် ခံစားမှုတစ်ခုသာဖြစ်ပြီးလုပ်ဆောင် မှုတစ်ခုမဟုတ်ပေ။ စိတ်ခံစားမှုသည်သင်၏လိုအပ်ချက်များကိုနား လည်ရန်၊ အန္တရာယ်များကိုရှောင်ကြည်ရန်၊ ဆုံးဖြတ်ချက်များချ ရန်၊ အခြားသူများနှင့် ဆက်နွယ်ဖို့ရန်အကြောင်းအရာသတင်းပေး ပါသည်။ မာကု ၁၃း၁၄ တွင်ယေရှုကြေကွဲ၀မ်းနည်းပူဆွေးမှုကိုခံ စားခဲ့ရပြီး သူ၏တပည့်တော်များကို သူနှင့်အတူဆုတောင်းဖို့ရန် ပြောခဲ့ပါသည်။ ကျွန်ပ်တို့သည် နာကျင်ခံစားရသောအခါမိမိကိုယ် ကိုသိရှိနားလည်၍ သူတစ်ပါးကိုလည်း ပိုမိုနားလည်လာပါသည်။ လူတို့သည်စိတ်ခံစားမှုများကိုရှောင်ရှားရန်အတွက်အရက်သောက် ခြင်း၊ မူးယစ်ဆေး၀ါးသုံးစွဲခြင်း၊ အင်တာနက်များစွာအသုံးပြုခြင်း၊ လူများနှင့်‌‌ဝေးဝေးနေခြင်း၊ အလုပ်ကိုပိုလုပ်ခြင်းနှင့်အခြားသူများ ကိုကူညီခြင်းတို့ကိုပြုဆောင်ပါသည်။ စိတ်ကျန်းမာရေးအတွက်   စိတ်ခံစားမှုအားလုံးကို သင်ခံစားသင့်ပြီး သင်၏လုပ်ဆောင်ချက်  များအတွက် ဘုရားသခင်အား လမ်းပြပို့ဆောင်စေပါ။

အိုအဖဘုရား ကိုယ်တော်၏ဘုန်းတော်ထင်ရှားစေသော လုပ် ဆောင်ချက်များဖြစ်ရန်ကျွန်ပ်စိတ်ခံစားမှုအားလုံးကိုသိရှိနားလည် ရန်ကူညီမစတော်မူပါ။ ယေရှုနမ၌တောင်းလျှောက်ပါသည်။ အာမင်။