စိတ်မ၀င်စားခြင်း

အပတ်စဥ် – ၄

စိတ်မoင်စားခြင်း

ထိုသို့အဧမဟုတ်၊ အပူမဟုတ်၊ နွေးရုံရှိသောကြောင့် ငါ၏ခံတွင်းသည်သင့်ကိုထွေးလုပြီ။
ဗျာဒိတ် ၃း၁၆

အသင်းတော်အလုပ်များကိုလုပ်နေရင်းခေါင်းထဲသို့အတွေးများ၀င် လာပါသည်။ “ဘယ်သူမှမလုပ်တဲ့အလုပ်ကို ဘာကြောင့်ငါလုပ်နေ တာလဲ၊ ဘာကြောင့်ကိုယ့်အချိန်ကိုဖြုန်းပြီးကြိုးစားလုပ်တာလဲ။” ထိုအတွေးများသည် စာတန်၏ အသံဖြစ်ကြောင်းနောင်တွင် သိရှိ နားလည်ခဲ့ပါသည်။ စာတန်သည်၀ိညာဥ်ရေးရာ စိတ်မ၀င်စားရန် သွေးဆောင်လျက် အသင်းတော်အလုပ်တွင် တလွဲမာန်မာနစိတ် ဖြစ်ရန်စုံစမ်းနှောင့်ယှက်ခဲ့ပါသည်။ စိတ်မ၀င်စားခြင်းသည် ဂရု မစိုက်ခြင်းဖြစ်ပါသည်။ ထိုအရာသည်လောကိဒိအသင်းတော်၊ ချမ်းသာသောခရစ်ယာန်များထဲတွင် သဘောထားပျံ့နှံ့လျက်ရှိ သည်။ ကျွန်ပ်တို့အသင်းတော်များထဲတွင် ၀ိညာဥ်ရေးရာစိတ်မ၀င် စားခြင်းသည် ပိုတိုး၍ထင်ရှားလာပါသည်။ အချို့သော ကရင်ခရစ် ယာန်များသည် ဤနိုင်ငံသို့ရောက်ခါစတွင် အသင်းတော်တွင်များ စွာပါ၀င်ကြသော်လည်း ယနေ့တွင်ပါ၀င်ခြင်းမရှိသည်ကိုသတိပြုမိ ခဲ့ပါသည်။ အသင်းတော်တွင်ရှိနေသောလူများကို အမှန်တကယ် စိတ်ဆိုးခြင်း၊ မုန်းခြင်းကြောင့်မဟုတ်ပေ။ ဂရုမစိုက်ခြင်းသာဖြစ် သည်။ စိတ်မ၀င်စားခြင်းသည်ကျွန်ပ်တို့ဥစ္စာပေါကြွယ်၀ပြီးအဆင် ပြေနေသောအခါဖြစ်ပေါ်လေ့ရှိပြီး မိမိဘာသာနေလိုခြင်း၊သူတပါး နှင့်မိတ်သဟာပြုခြင်းကိုအရေးကြီး သည်ဟုနားလည်ခံယူမှုမရှိ သောကြောင့်ဖြစ်ပေါ်လာသည်။ ဟောရှေ ၁၃း၆ “၀သောအခါ ကြွားသောစိတ်ရှိ၍ ငါ့ကိုမေ့လျော့ကြ၏။” စာရေးဆရာ Boed Thoeneက စိတ်မ၀င်စားဂရုမစိုက်ခြင်းသည် စာတန်၏လက် သွင်းဝင်သော လက်အိတ်တစ်ခုဖြစ်ကြောင်းကိုးကားပြပါသည်။ ၀ိညာဥ်ရေးရာစိတ်မ၀င်စားခြင်းကို ကျေးဇူးပြု၍သတိထားပါ။

အိုအဖ ကိုယ်တော်၏ဘုန်းတန်ခိုးအားဖြင့်၀ိညာဥ်ရေးရာနှင့်ဆိုင် သောစိတ်မ၀င်စားခြင်းကို ကျော်လွှားနိုင်ဖို့ရန်နှင့်အခြားသူများ ကိုချစ်ရန်သတိရစေပါ။ ယေရှုနာမ၌ဆုတောင်းပါ၏။ အာမင်။