ခါးသီးခြင်း

အပတ်စဥ် ၆

ခါးသီးခြင်း

ခပ်သိမ်းသောစိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေပျက်အောင်ပြောဆိုခြင်း တို့ကို၎င်း၊ ခပ်သိမ်းသောမနာလိုခြင်းကို၎င်း၊ သင်တို့မှပယ်ရှား ကြ‌လော့။
ဧဖက် ၄း၃၁

ခါးသီးခြင်းသည် ကြီးမားသောစိတ်ထိခိုက်ခြင်းမှပေါ်ပေါက်လာ နေကြဖြစ်ပါသည်။ ကရင်အမျိုးသားတစ်ဦးသည် ဗမာစစ်တပ်မှ ညှင်းပန်းနှိပ်စက်ခြင်းများကိုနှစ်ပေါင်းများစွာခံရပြီး စိတ်ထိခိုက် သောကြောင့် “ဗမာများကောင်းကင်နိုင်ငံသို့ရောက်လျင် ကျွန် တော်ကောင်းကင်နိုင်ငံသို့မသွားလိုပါ” ဟုပြောခဲ့ပါသည်။ ခါးသီး ခြင်းကိုမခံစားဖို့ ပြောရန်လွယ်ကူပါသည်။ သူသည်လူမဆန်သော သူများ၏လက်‌ထဲတွင်ဆုံးရှုံးမှုများစွာရင်ဆိုင်ရသောကြောင့်ကိုယ်ရောစိတ်ပါနာကျင်မှုသည် သူ၏နှလုံးသားထဲတွင်နစ်၀င်ခဲ့ပြီးမုန်း တီးမှုများကိုကြီးထွားစေပါသည်။ သင်သည်သူကဲ့သို့ဖြတ်သန်းခဲ့ ရလျင် ထိုကဲ့သို့ခံစားရမည်မှာသေချာပါသည်။ ခါးသီးခြင်းသည် ကျွန်ပ်တို့အသက်တာအတွက် ဘုရားအလိုရှိသောအရာများနှင့် ဝေးကွာစေလျှင်ထိုခါးသီးခြင်းကိုစွန့်လွှတ်သင့်ပါသည်။ ခါးသီးမှု သည် နှလုံးသားကိုအဆိပ်အတောက်ဖြစ်စေပြီး စိတ်ကိုအကျဥ်း ချစေသည်။ ခါးသီးမှုသည် ကောင်းကင်နိုင်ငံကိုရွေးချယ်ခြင်း မဟုတ်ဘဲ ငရဲသွားရန်ရွေးချယ်ခြင်းဖြစ်သည်။ သင့်ကိုနာကျည်း စေသောသူတစ်ယောက်ကိုမြင်‌‌‌ယောင်ကြည့်ပါ။ ထို့နောက်ကား တိုင်ပေါ်တွင် ခရစ်တော်သည် သင်၏အပြစ်အဖိုးအခအတွက် အသက်ပေးပြီးကယ်ချွတ်ခဲ့သည်ကိုသတိရလိုက်ပါ။ သင့်ကိုနာ ကျင်အောင်ပြုလုပ်သောသူကိုဘုရားသခင်၏ကရုဏာတော်ဖြင့်ခွင့်လွှတ်ပေးလိုက်ပါ။ ထိုသို့ပြုလျင် လွတ်မြောက်သူနှစ်ဦးသည်သင့် ကိုနာကျင်အောင်ပြုလုပ်သောသူနှင့် သင်ကိုယ်တိုင်ဖြစ်ပါလိမ့်မည်။

အိုဘုရားသခင် နှလုံးသားထဲတွင်ကြီးထွားလာသောမုန်းတီးခြင်း ကိုထုတ်ပစ်ရန်ကျေးဇူးပြု၍ကူညီပါ။ ခါးသောနှလုံးသားကို   ကုသပေးပြီး ကိုယ်တော်၏အံ့သြဖွယ်ကျေးဇူးနှင့်ချိုစေပါ။ ယေရှုနာမ၌ဆုတောင်းပါသည်။ အာမင်။