ဝမ်းမြောက်ခြင်း

အပတ်စဥ်-၂၅

ဝမ်းမြောက်ခြင်း

အကျွန်ုပ်၏ နှလုံးထဲမှာ စိတ်များပြားသောအခါ ကိုယ်တော်သည် သက်သာစေတော်မူသဖြင့် အကျွန်ုပ်၏ဝိညာဥ်သည်ရွှင်လန်းပါ၏။
ဆာလံ ၉၄း၁၉

တချိန်လုံးဝမ်းနဲပူဆွေးချင်သူမရှိပါ။ ကျွန်ုပ်တို့သည်အပူအပင်မရှိ လွတ်လပ်စွာဖြင့်အသက်ရှင်နေထိုင်လိုပါသည်။ သို့ရာတွင်ဘဝမှာ အမျိုးမျိုးသောဖိအားများကိုရင်ဆိုင်တွေ့ကြုံရသောကြောင့်အသက်တာတွင်အေးချမ်းပျော်ရွှင်စွာမနေနိုင်တော့ပါ။ ကျမ်းစာတွင်ပဋိ ပက္ခ သဘောကွဲလွဲ၀မ်းနဲပူဆွေးမှုများစွာဖတ်ရှုရပါသည်။ အီဂျစ် ပြည်ကျွန်အဖြစ်မှကန္တာရထဲညည်းညူရင်းလှည့်လည်သွားလာခြင်း၊ ကောက်ကျစ်၍ဖိနှိပ်ချုပ်ချယ်သောဘုရင်၏လက်အောက်တွင်နေရ ခြင်းမှကြောက်မက်ဖွယ်ကျူးကျော်ဝင်ရောက်မှုနှင့်တိုင်းပြည်မှနှင်ထုတ်ခံရခြင်း၊ တမန်တော်များဖိနှိပ်ညှင်းပန်းခံရခြင်း၊ ထောင်ချခံရ ခြင်းနှင့် ကိုယ်ကျိုးစွန့်အနစ်နာခံခြင်းမှ ဘုရားသခင်၏သားတော် ကိုယ်တိုင်ရက်စက်စွာ ကားတင်စီရင်ခံရခြင်းတိုဖြစ်သည်။ ကျွန်ုပ် တို့တွေ့ကြုံရသောအခြေအနေပို၍ခက်ခဲစဥ် ကျမ်းစာတွင်းရှိအတွေ့ အကြုံများနှင့် ပို၍ဆက်စပ်ရင်းနှီးကျွမ်းဝင်လာတတ်သည်မှာအံ့ဩ စရာမဟုတ်ပေ။ ကရင်လူမျိုးတို့၏ဘဝခရီးနှင့်ကျမ်းစာတွင်းရှိဘ၀ ခရီးများဆက်စပ်နေသည်ကိုတွေ့ရှိရပါသည်။ ဖိနှိပ်မှုများလာသော အခါ (သို့) ငြိမ်းချမ်းရေးပြိုကွဲသောအခါဘုရား၏နှုတ်ကပတ်တော် သည်မတွေ့မမြင်ရသောခွန်အားနှင့်တစ်မူထူးခြားသောသာယာချိုမြိန်မှုကိုတိုးပွားစေပါသည်။ ကျွန်ုပ်တို့စိုးရိမ်ပူပန်သောအခါဘုရား သခင်သည်သာကျွန်ုပ်တို့၏ယုံကြည်အားထားရာနှင့်ဘုရားသခင် သည်သာလျှင်စိုးရိမ်ပူပန်မှုမှဝမ်းမြောက်ခြင်းသို့ပြောင်းလဲပြုလုပ်ပေးနိုင်သူဖြစ်ပါသည်။ ကျွန်ုပ်တို့စိတ်ထိခိုက်နက်နဲမှုထက်ဘုရား သခင်၏ကုသမှုသည်ပို၍နက်ရှိုင်းပါသည်။ ကျွန်ုပ်တို့၏ပြဿနာ ကြီးမားလေဘုရား၏အကူအညီသည်ပို၍ကြီးမားလေဖြစ်ပါသည်။ ကျွန်ုပ်တို့စိုးရိမ်သောကများလေဘုရားသခင်၏နှစ်သိမ့်ပေးမှုသည် ပိုမိုများပြားလေဖြစ်ပါည်။

ကျေးဇူးကြီးမားလှသောအဖဘုရားသခင်အသက်တာတွင်ခက်ခဲပြီးစိုးရိမ်သောကများခံစားရသောအခါ ကိုယ်တော်၏ဂတိတော်များ ထဲ၌ ဝမ်းမြောက်ခြင်းကိုရှာတွေ့ဖို့ရန် ကူညီမစပါ။
ယေရှုနာမ၌ဆုတောင်းပါ၏။ အာမင်။