စော်ကားခြင်း

အပတ်စဥ်-၂၂

စော်ကားခြင်း

မီးခဲချင်းပြုသကဲ့သို့၎င်း၊ ထင်းသည်မီးကို မွေးးသကဲ့သို့၎င်း၊ ရန်တွေ့တတ်သောသူသည်ခိုက်ရန်မှုကိုပြုစုတတ်၏။ 

သုတ္တံ ၂၆း၂၁

နှုတ်ထွက်စကားလုံးများသည်တန်ခိုးရှိပါသည်။ စကားလုံးများ သည်မိသားစုနှင့်အသင်းတော်ထဲတွင်ငြိမ်းချမ်းခြင်းကိုယူဆောင် သကဲ့သို့ ခိုက်ရန်မှုကိုလည်းဖြစ်စေတတ်ပါသည်။ အမှန်စင်စစ် မာရ်နတ်သည်သူ၏ကောက်ကျစ်သောအစီအစဥ်ကိုကျွန်ုပ်တို့၏ နှုတ်ထွက်စကားအားဖြင့်နေရာယူလိုခြင်းပင်ဖြစ်သည်။ သင်အ ကောင်းဆုံးပေးဆပ်သော်လည်း သင်၏အားနဲချက်နှင့်အမှားကိုရှာ သောသူသည်စော်ကားသောစကားများဖြင့်သင့်ကိုပြောရန် အမြဲရှိ နေပါသည်။ ၂၀၂၂ခရစ်မတ်ညတစ်ညတွင်တစ်စုံတစ်ယောက် သည် social Media ပေါ်တွင်ကျွန်ုပ်မိသားစုကိုဆန့်ကျင်စော် ကားသောစာကိုတင်ခဲ့ပါသည်။ မိသားစုဝင်များသည်ဘုရား ကျောင်းတွင် ဦးဆောင်သူများဖြစ်ကြပြီးထိုစော်ကားခြင်းကြောင့် စိတ်ထိခိုက်ပြီး ရှက်စရာဖြစ်ရပါသည်။ လူသားဖြစ်သောကြောင့် ပြန်လည်တုန့်ပြန်ချင်ပါသည်။ သို့သော်ထိုသို့ပြန်ပြောလျှင်ရန် ငြိုးရန်စမှခိုက်ရန်မှုဖြစ်ပါမည်။ စော်ကားခြင်းကိုစာတန်၏အလုပ် ဟုယူဆပြီး ဘုရားရှင်လက်တော်သို့အပ်နှံပါ။ ခရစ်တော်သည် ပြင်းထန်သောဝေဒနာဖြင့်ကားတိုင်ပေါ်တွင်စတေးခံရစဉ် ရောမ စစ်သားများ၊ ဖြတ်သန်းသွားလာသူများ  နှင့်သူခိုးတစ်ယောက်၏ စော်ကားခြင်းကိုခံရပါသည်။ သို့သော်ခရစ်တော်သည်ပေးအပ် သောတာဝန်ကိုပြီး ဆုံးအောင်လုပ်ဆောင်ခဲ့ပါသည်။ သင်သည် ဘုရားသခင်အမှုတော်အတွက် အကောင်းဆုံးအားထုတ်ကြိုးစား သော်လည်းမတရားသောဝေဖန်ခြင်းကိုရင်ဆိုင်ရမည်မှာ ဧကန် မလွဲပါ။ မာရ်နတ်ကိုအောင်နိုင်သောခရစ်တော်ထံမှခွန်အားယူ၍ သူ့ကိုသာတစိုက်မတ်မတ်ကြည့်ပြီးရှေ့ဆက်သွားပါ။

အိုဘုရားသခင်ကျွန်ုပ်တို့၏ နှုတ်ထွက်စကားများသည် အသင်းတော်တွင်၎င်း မိသားစုနှင့် အလုပ်အကိုင်တွင်၎င်း စော်ကားသောစကားများမပြောရန် ကူညီမစတော်မူပါ။ ယေရှုနာမ၌ဆုတောင်းပါ၏။ အာမင်။