စိတ်မချမ်းမြေ့မှု

အပတ်စဥ် ၄၇

စိတ်မချမ်းမြေ့မှု

သင်တို့ကိုသတိနှင့်ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကိုကိုယ်တော်၌အပ်နှံကြလော့။
၁ပေ ၅း၇

ကျွန်ပ်တို့သည် စိတ်မချမ်းမြေ့မှုနှင့်၊ ဝမ်းနဲမှု၊ မျှော်လင့်ချက်ကင်းမဲ့ မှုတို့ကိုခံစားရသောအချိန်အခါများရှိကြမည်ဖြစ်ပါသည်။ ခရစ် တော်ကိုယ်တိုင်လောကတွင်အသက်ရှင်စဥ်စိတ်ပျော်ရွှင်မှုအမြဲမရရှိခဲ့ပါ။ မျက်ရည်ကျခဲ့ရသောအချိန်များရှိခဲ့ပါသည်။ ကျွန်ပ်တို့၏စိုး ရိမ်ကြောင့်ကြမှုနှင့်ဝမ်းနဲမှုတို့ကိုမျိုသိပ်ထားပြီး စိတ်ထဲတွင်ထားရှိ သောအခါကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမားရေးကိစ္စများဖြစ် လာနိုင်ပါသည်။ ကျွန်ပ်သည် မိတ်ဆွေလေးယောက်နှင့်အတူဖုန်း ဖြင့် စကားပြောရန်အုပ်စုတစ်ခုဖွဲ့ပါသည်။ ကျွန်ပ်တို့သည်တစ်ဦး နှင့်တစ်ဦးစီရင်ခြင်းမရှိဘဲနားလည်မှုရှိကြပါသည်။ ပြဿနာများကို ပြောကြသောအခါချိုးနှိမ်ပြောဆိုခြင်း နှင့်နှိုင်းယှဥ်ခြင်းများမပြုလုပ် ကြပါ။ စိတ်ထဲမှပြောချင်သောမည်သည့်အရာများကိုမဆိုပြောနိုင် ပြီးလွတ်လပ်သောနေရာလေးတစ်ခုဖြစ်ပါသည်။ ကျွန်ပ်၏စိတ်မ ပျော်ရွင်မှု နှင့်ဝန်ထုပ်များကိုဝေမျှပြီးနောက်ပေါ့သွားသည်ဟုခံစား ရပါသည်။ ဤအရာသည်ဘုရားကကြည့်ရှုစောင့်ရှောက်တော်မူ သောကြောင့်ကျွန်ပ်တို့၏စိုးရိမ်ကြောင့်ကြမှုကိုသူ့ထံအပ်နှံရန်ဖိတ်ခေါသောအ ခါခရစ်တော်၏နမူနာကိုလိုက်လျှောက်ရန်နည်းလမ်း တစ်ခုလည်းဖြစ်ပါသည်။ တစ်ဦးနှင့်တစ်ဦးချစ်ခြင်းမေတ္တာဖြင့် နားလည်မှုနှင့်ဝန်ထုပ် ဝန်ပိုးများကိုပေါ့ပါးစေရန်ကူညီနိုင်သောမိတ် ဆွေများဖြစ်ကြ ပါစို့။ သုတ္တံ ၁၇း၁၇တွင် “အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည်ဒုက္ခကာလအဖို့ မွေး ဖွားလျက်ရှိ၏။” ကျွန်ပ်တို့အားလုံးသည်ဤကဲ့သို့သောမိတ်ဆွေ များလိုအပ်သည်မှာ ယုံမှားဖွယ်ရာမရှိပေ။

အိုအဖ စိတ်နှလုံးပေါ့ပါးစေရန်စိတ်မချမ်းမြေ့မှုနှင့်ပူပင်သောက များကိုကိုယ်တော်ထံအပ်နှံရန်ဖိတ်ခေါ်သောကြောင့် ကျေးဇူး တင်ပါသည်။ တစ်ဦး၏ဝန်ထုပ်ဝန်ပိုးများကိုတစ်ဦးကတာဝန် ယူမျှဝေနိုင်သောမိတ်ဆွေများဖြစ်ရန်ကျေးဇူးပြု၍ကူညီမစပါ။ ယေရှုနာမ၌ဆုတောင်းပါ၏။ အာမင်။