စိတ်ဓာတ်မြင့်တင်ပေးခြင်း

အပတ်စဥ် ၄၈

စိတ်ဓာတ်မြင့်တင်ပေးခြင်း

ရွှင်လန်းသောစိတ်နှလုံးသည်ချိုသောမျက်နှာကိုဖြစ်စေတတ်၏။ ညှိုးငယ်ခြင်းအားဖြင့်ကား၊ စိတ်ပျက်တတ်၏။
သုတ္တံ ၁၅း၁၃

ကျွန်ပ်တို့ကရင်ဗမာယဥ်ကျေးမှုတွင်စိတ်ဓာတ်မြင့်တင်ပေးခြင်း ဟူသောခံစားမှုကို‌ဖော်ပြခြင်းကိုကြားရခဲပါသည်။ စိတ်ဓာတ်မြင့် တင်ပေးခြင်း၏စွမ်းအားသည်ကိုယ်ခန္ဓာကျန်းမာရေးကြီးမားစွာ အကျိုးပြုပါသည်။ စိတ်ကျနေသောအခါကျွန်ပ်တို့၏ခန္ဓာကိုယ်ကို လည်းထိခိုက်ပါသည်။ စိတ်ထဲတွင် ဖြစ်ပေါလာသောအရာ၊ စိတ် လှုပ်ရှားသောအရာတို့သည် ကိုယ်ခန္ဓာ၌အကျိုးသက်ရောက်မှု ရှိပြီး ခန္ဓာထဲတွင်ဆက်လက်ဖြစ်နေသောအရာတို့သည် စိတ်နှလုံး ကိုအကျိုးသက်ရောက်စေပါသည်။ အပြင်ဘက်တွင်မြင်တွေ့ သောအရာသည် အခြေခံအားဖြင့် အတွင်းစိတ်ထဲတွင်ခံစားနေ ရသောအရာပေါ်တွင်စတင်ပါသည်။ တနည်းအားဖြင့် သင်၏ မျက်နှာသည်သင်၏နှလုံးသားကိုဖော်ပြပါသည်။ စိတ်ထဲ၌ဝမ်းနဲ လျှင်ဝမ်းနဲမှုသည်အပြင်ဘက်တွင်ဖော်ပြပါလိမ့်မည်။ အချို့လူများ သည်သင်၏မျက်နှာကိုကြည့်ခြင်းအားဖြင့်သင်၏စိတ်နှလုံးကိုသိ နိုင်ပါသည်။ သင်၏စိတ်နှလုံးသည်ဝမ်းမြောက်မှုဖြင့်ပြည့်နေပါက ထိုပတ်ဝန်းကျင်အတွက် စိတ်ဓာတ်မြင့်တင်ပေးသောဝန်းကျင်ကို ဖန်တီးပေးပါသည်။ ထိုပျော်ရွှင်မှုသည်လူတို့၏ချမ်းသာကြွယ်ဝမှု မှမလာရောက်နိုင်ပါ။ ဘုရားသခင်၏ကောင်းချီးမှသာလာခြင်းဖြစ် ပြီး ဘုရားသခင်အားဖြင့်သာ ထိုပျော်ရွှင်မှုကိုဆက်လက်ဆုပ်ကိုင် သွားနိုင်မှာဖြစ်ပါသည်။ စကြာဝဠာတစ်ခုလုံးတွင်တစ်ဦးတည်း သော၊ စစ်မှန်သောနှလုံးသားဆရာဝန်ရှိပါသည်။ သူ့ကိုသိပါသ လား။ ယေရှုခရစ်တော်ဖြစ်ပါသည်။ ဆရာဝန်ဖြစ်သောခရစ်တော် ၏တန်ခိုးသာလျှင်ကျွန်ပ်တို့၏ချစ်ခြင်းမေတ္တာ၊ ဝမ်းမြောက်ခြင်း၊ အေးချမ်းမှု၊ မျှော်လင့်ခြင်း၊ ​​ကောင်းသည့်အမူအကျင့် အစရှိသည် တို့ကိုမြှင့်တင်ပေးကာ၊ ကျွန်ပ်တို့၏နှလုံးသားကိုကြီး မားစေပြီး ကျွန်ုပ်တို့မျက်နှာကိုရွှင်လန်းစွမ်းအားပေးပါလိမ့်မည်။ 

ကျွန်ပ်တို့၏စိတ်သမားတော်ခရစ်တော်ဘုရား ဤကမ္ဘာတွင်ထွန်း လင်းစေဖို့ရန်ကျေးဇူးပြု၍စိတ်ဓာတ်မြင့်တင်ပေးသောနှလုံးသား တစ်ခုကိုပေးတော်မူပါ။  ယေရှုနာမ၌ဆုတောင်းပါ၏။ အာမင်။