လုံခြုံမှု

အပတ်စဥ် ၄၃

လုံခြုံမှု

ဘုရားသခင်သည်ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ကြောက်လန့်သောစိတ်မရှိဘဲရဲရင့်မည်။ ထာဝရဘုရားသည် ငါချီးမွမ်းရာ၊ ငါသီချင်းဆိုရာ၊ ငါ့ကိုကယ်တင်တော်မူသော
အရှင်ဖြစ်တော်မူ၏။
ဟေရှာယ ၁၂း၂

ဇနီးတစ်ယောက်အနေဖြင့်ခင်ပွန်းသည်ကိုမှီခိုအားထားရပါသည်။ ကျွန်မတို့ဇနီး‌မောင်နှံသည် တစ်ဦးနှင့်တစ်ဦးအပေါ်အမှီသဟဲပြု ကြပါသည်။ သားသမီးများရှေ့ဆက်ကြီးပွားတိုးတက်ရန်မိဘနှစ်ပါး စလုံးရှိရန်လိုအပ်ပါသည်။ ၂၀၁၉တွင် ခင်ပွန်းသည်အသဲဆေးကို စတင်မှီဝဲခဲ့ရပါသည်။ ဆရာဝန်က ဒီရောဂါသည်မပျောက်ကင်း နိုင်၊ ကုသ၍မရတော့ဘဲ တစ်သက်လုံးဆေးသောက်ရမည်ဟုပြော ပါသည်။ ၂၀၂၂ တွင်ကင်ဆာရောဂါကြောင့်ကျောက်ကပ်တစ်လုံး ကိုခွဲထုတ်ခဲ့ရပါသည်။ ခင်ပွန်းသည်ကိုမှီခိုအားထားရန်လုံခြုံမှုမရှိ ဟု သိရှိခံစားနားလည်ခဲ့ပါသည်။ တစ်ဦးနှင့်တစ်ဦးအပြန်အလှန် အမြဲမှီခိုအားထားဖို့မဖြစ်နိုင်တော့ပါ။ အလုပ်များဆုံးရှုံးနိုင်သည်။ ကျန်းမာရေးထိခိုက်ပျက်စီးနိုင်သည်။ ချစ်ခင်ရသူ၊ မိတ်ဆွေများ ဆုံးရှုံးနိုင်သည်။ ပိုင်ဆိုင်မှုများလည်းလက်လွတ်နိုင်ပါသည်။ ကမ္ဘာ မြေလောကကြီးသည်လုံခြုံမှုမရှိပါ။ ဘုရားသခင်တစ်ပါးတည်းသာ ယခုဘဝမှ‌နောင်ဘဝထိလုံခြုံမှုပေးစွမ်းနိုင်သူဖြစ်ပါသည်။ သင့်ဘဝ သည်မလုံခြုံသည်ဟုခံစားနေရပါသလား။ သင့်ဘဝလုံခြုံမှုအတွက် ဘုရားသခင်ကိုယုံကြည်စိတ်ချလိုက်ပါ။ ဘုရားသခင်လက်‌တော် ထဲသို့သင့်ဘဝတစ်ခုလုံးအပ်နှံပါက လောကကိုကျော်လွှားအောင် မြင်နိုင်မည်ဖြစ်သည်။

အိုအဖ ကမ္ဘာကြီးသည်ကျွန်ပ်တို့ကိုလုံခြုံမှုမပေးနိုင်ပါ။ ကိုယ် ‌တော်သည်အစဥ်ကျွန်ပ်တို့နှင့်အတူရှိပြီး ယခုဘဝမှစ၍ နောင်ဘဝထိလုံခြုံမှု‌ပေးသောကြောင့်ကျေးဇူးတင်ပါသည်။      အတောင်‌တော် အရိပ်‌အောက်မှာ ခိုလှုံခွင်ပေးပါရန်ကူညီမစ တော်မူပါ။ ယေရှဒနာမ၌ဆုတောင်းပါ၏။  အာမင်။