ရန်ဖြစ်ခြင်း

အပတ်စဥ် ၃၉

ရန်ဖြစ်ခြင်း

သခင်ဘုရား၏ကျွန်သည်ရန်မတွေ့ရ။ ခပ်သိမ်းသော သူတို့ အားဖြည်းညှင်းစွာပြုသောသူ၊ ဆုံးမသြဝါဒပေးခြင်းအမှု၌ လိမ္မာသောသူ၊ သည်းခံနိုင်သောသူဖြစ်ရမည်။
၂တိ ၂း ၂၄

တစ်ခါတုန်းကသင်္ဘောပေါ်တွင်အလုပ်လုပ်နေစဥ် ဂျာမနီလူမျိုး မာလိန်မှူးနှင့်အရာရှိတို့သည် ထမင်းစားချိန်တွင် အလုပ်ကိစ္စနှင့်   ပက်သက်၍စကားများကြပါသည်။ တစ်ဦးနှင့်တစ်ဦးအော်ငေါက် ခြင်း၊ အခြေအတင်ပြောဆိုလက်ညိုးထိုးခြင်း၊ ထမင်းစားပွဲခုံကိုထု ရိုက်ခြင်းများပြုလုပ်ခဲ့ကြပါသည်။ ပြီးနောက်ထမင်းစားခန်းထဲမှ‌   ‌‌‌ဒေါသတကြီးထွက်သွားခဲ့ပါသည်။ အလုပ်သမားများသည်ရှေ့ဘာ ဆက်ဖြစ်မလဲကိုသိချင်ခဲ့ပါသည်။ သို့ရာတွင်ညနေပါတီပွဲတွင် သူ တို့နှစ်ဦးသည်မနက်ပိုင်းတွင်ရန်မဖြစ်ခဲ့သလိုရယ်ရယ်မောမောဖြင့်ပြန်လည်သင့်မြတ်နေသည်ကိုတွေ့ရှိခဲ့ရပါသည်။ အချို့ကိစ္စများ တွင်သဘောတူညီမှုမရှိသော်လည်းသူတို့သည်မလိုမုန်းတီးမှု၊ အပြစ်တင်မှု၊ ကွဲပြားမှုကိုဆုပ်ကိုင်ထားခြင်းမရှိဘဲနားလည်ခွင့် လွှတ်ခဲ့ကြသည်။ များသောအားဖြင့်ရန်ဖြစ်ခြင်းသည်မာနစိတ်ထား ရှိခြင်းကြောင့်ငယ်သောအမှုမှကြီးသောအမှု သို့ပြုလုပ်ခြင်းဖြစ်ပါ သည်။ ကျွန်ပ်တို့ခေါင်းဆောင်များ၊ အသင်းတော်ခေါင်းဆောင်များ သည်အမြင်ချင်းမတူသော်လည်းစိတ်နှလုံးနှိမ့်ချလျက် နားလည်မှု ထားရှိခြင်းဖြင့်အတူတကွလုပ်ဆောင်သင့်ပါသည်။ လူသည်အား နည်းသောကြောင့်တစ်ခါတစ်ရံ ကတောက်ကဆရန်ဖြစ်တတ်ပါ သည်။ သို့ရာတွင်နှိမ့်ချခြင်း၊ ခွင့်လွှတ်ခြင်းနှင့် နားလည်မှုပေးခြင်း ဖြင့်အပြန်အလှန်တည်ဆောက်ခြင်း၊ ကောင်းချီးပေးခြင်းဖြင့်ငြိမ်း ချမ်းစည်းလုံးညီညွတ်ရေးကိုထိန်းသိမ်းနိုင်ပါသည်။ 

အိုအဖ ကျွန်ပ်တို့ကိုဥာဏ်ပညာ၊ လိမ္မာသောအသိတရား၊ နားလည် မှုကိုပေးသနားတော်မူပြီး ကွဲပြားမှုကိုဖြစ်စေခြင်းနှင့် ရန်ဖြစ်ခြင်းကို ရှောင်ရှားနိုင်ရန်မစတော်မူပါ။ ယေရှုနာမ၌ဆုတောင်းပါ၏။ အာမင်။