ငြိမ်သက်ခြင်း

အပတ်စဥ် ၄၀

ငြိမ်သက်ခြင်း

ကိုယ်တော်ကလည်း၊ တော၌ဆိတ်ကွယ်ရာအရပ်သို့လာကြ။ ခဏအားဖြည့်၍ငြိမ်သက်စွာနေကြဟုမိန့်တော်မူ၏။
မာကု ၆း ၃၁

ကျွန်မသည်သင်းအုပ်ဆရာ၊ ဆေးရုံသင်းအုပ်ဆရာတစ်ယောက် ဖြစ်ပြီး အားနည်းချက်နှင့် ဆက်လက်ကြီးထွားဖို့အရာတစ်ခုမှာ မိမိကိုယ်ကိုပြုစုစောင့်ရှောက်ခြင်းဖြစ်ပါသည်။ ယခင်က မိမိကိုယ် ကိုဂရုစိုက်ခြင်းကို မိမိကိုယ်ကိုချစ်ခြင်းနှင့် မိမိအကျိုးကိုရှာခြင်း (တစ်ကိုယ်ကောင်းဆန်ခြင်း)ဟု ယုံကြည်ခဲ့ပါသည်။ ကျွန်မ အတွက် အခက်ခဲဆုံးအရာတစ်ခုမှာ တိတ်ဆိတ်ငြိမ်သက်ခြင်းနှင့် မိမိကိုယ်ကိုအနားယူရန်အချိန်ပေးခြင်းတို့ဖြစ်ပါသည်။ နေ့ရက် တိုင်းတွင်အသင်းတော်၊ အဖွဲ့အစည်း၊ သာသနာလုပ်ငန်းများလုပ် ဆောင်ရန်တာဝန်များပြားသော်လည်းတစ်ချိန်ပြီးတစ်ချိန်အနားယူရန်လိုအပ်ပါသည်။ ခရစ်တော်က ကျွန်မတို့အတွက်အကောင်းဆုံး ဥပမာပြုလုပ်ပေးခဲ့ပါသည်။ မာကု ၆း၃၁တွင် ခရစ်တော်ကများစွာ သောတာဝန်ထမ်းရွက်ပြီးနောက်သူနှင့် သူ့တပည့်တော်များပင်ပန်း သောကြောင့်အနားယူရန်လိုအပ်ကြောင်းသိရှိပါသည်။ ခရစ်တော် သည်ခေတ္တခဏအနားယူရန်ဆုံးဖြတ်ခဲ့ပါသည်။ အနားမယူဘဲ ကိုယ်တော်စေခိုင်းသည့်တာဝန်များ ပြီးမြောက်နိုင်မည်မဟုတ် ကြောင်းခရစ်တော်ကသိရှိပါသည်။ တိတ်ဆိတ်ငြိမ်သက်စွာအချိန် ပေးအနားယူခြင်းနှင့် ကိုယ်၊ စိတ်၊ နှလုံးသုံးပါးကျန်းမာရေးကိုဂရု စိုက်ခြင်းသည် ဘုရားသခင်မှ ချစ်ခြင်းခံရပြီးခေါ်ခြင်းခံရသော အမှန်တရားကိုချီးမြောက်ပြုမူခြင်းဖြစ်ပါသည်။

အိုဘုရားသခင် တိတ်ဆိတ်ငြိမ်သက်စွာနေခြင်း၊ အနားယူခြင်း အတွက်အချိန်ယူ၍မစတော်မူပါ။ ကိုယ်တော်စေခိုင်းသည့်အတိုင်း ရှိသည့်နေရာတွင်ကိုယ်တော်နှင့်အမှုတော်လုပ်ငန်းများကိုလုပ် ဆောင်ရန်စိတ်ဓာတ်ခွန်အားပေးတော်မူပါ။