ဥပက္ခာပြုခြင်း

အပတ်စဥ်  ၃၃

ဥပက္ခာပြုခြင်း

သင်၌အပ်ပေးသောဆုကျေးဇူးကိုမပြုစုဘဲမနေနှင့်။
၁တိ ၄း ၁၄ (က)

ဘုရားသခင်သည်ကျွန်ပ်တို့ကိုများစွာသောအံ့သြဘွယ်ရာလက်ဆောင်များကို‌ပေးပါသည်။ အကောင်း­­ဆုံးလက်ဆောင်တစ်ခုမှာ မိသားစုဖြစ်ပါသည်။ မိသားစုကိုထိခိုက်စေသောအရာသည် စိတ် ခံစားမှုများကို ဂရုမစိုက်ခြင်း၊ ဝေဖန်ရှုံ့ချခြင်း၊ အရှက်ရစေခြင်း၊ ဥပက္ခာပြုခြင်းဖြစ်ပေသည်။ စိတ်ပိုင်းဆိုင်ရာလိုအပ်မှုတွင်ချစ်ခြင်း၊ အသိအမှတ်ပြုခြင်း၊ နားလည်မှုရှိခြင်းတို့ပါဝင်ပါသည်။ ထိုအရာ များကိုဥပက္ခာပြုခြင်းဖြင့် စိတ်ကျန်းမာရေးနှင့်ကိုယ်ကာယကျန်းမာ ရေးကိုပျက်စီးစေနိုင်ပါသည်။ အိမ်ထောင်တစ်ခုတွင်စိတ်ထိခိုက် စရာကောင်းသောလက္ခဏာတစ်ခုမှာလစ်လျူရှုခြင်းဖြစ်သည်။ သင်၏ကြင်ဖော်သည် သင့်ကိုမတုန့်ပြန်ဘဲတိတ်ဆိတ်စွာနေခြင်း၊ ဝေဖန်ခြင်းတို့ကြောင့် သင့်ခံစားချက်အမှန်ကိုထုတ်ဖေါ်ဝေဌနိုင် ခြင်းမရှိနိုင်တော့ပေ။ ထိုနည်းတူစွာ မိဘများသည်ကလေးများ အပေါ်အာရုံစိုက်မှု၊ ပံ့ပိုးမှု၊ ချစ်ခင်တွယ်တာမှုအတွက် သင့်လျော် သောတုန့်ပြန်မှုနှင့်လိုအပ်ချက်တို့ကို မတုန့်ပြန်နိုင်သည့်အခါ မိသားစုကိုထိခိုက်နစ်နာစေပါသည်။ တစ်ခါတစ်ရံ ကျွန်ပ်တို့ခရစ် ယာန်ခေါင်းဆောင်များသည်ဘုရားအမှုတော်တွင်ဆပ်ကပ်ရသော ကြောင့်မိသားစုကိုဥပက္ခာပြုမိပါသည်။ အခြားသူများ၏လိုအပ် ချက်များကိုဖြည့်စည်းပေးရင်းမိမိကြင်ယာ၏တောင်းဆိုမှုကိုအချိန် မပေးနိုင်တော့ပေ။ ထိုအရာများကိုသင်းအုပ်(သို့) ခေါင်းဆောင် တစ်ဦး၏ တာဝန်ဟုပြောဆိုပါသည်။ ကျွန်ပ်တို့အလုပ်များသော ကြောင့်တစ်ခါတစ်ရံသားသမီးများ၏ရုန်းကန်ရင်ဆိုင်ရသောအ ခက်အခဲများကိုခေါင်းထဲတွင်မထည့်ဘဲထုတ်ပစ်ပြီးကူညီထောက်ပံ့နှစ်သိမ့်ဖို့ပျက်ကွက်ခဲ့ပါသည်။ ယနေ့ဘုရားပေးသော “မိသားစု” ဆိုသောလက်‌ဆောင်ကိုလစ်လျူမရှုဘဲ မိသားစုနှင့်အချိန်ယူ၍ အဓိပ္ပါယ်ရှိသော ဆက်ဆံရေးကိုဆောက်တည်ကြပါစို့။

အိုအဖ ဥပက္ခာပြုခြင်း၊ အပြစ်ပြုမိခြင်းတို့သိရှိဖို့ရန်သတိပေးခြင်း စိတ်ကျန်းမာရွှင်လန်းဖို့ရန်ပေးသနားတော်မူပါ။ ယေရှုနာမ၌ဆုတောင်းပါ၏။ အာမင်။