မနာလိုခြင်း

အပတ်စဥ်-၂၄

မနာလိုခြင်း

ဒေါသသည်လူမိုက်ကိုဖျက်ဆီးတတ်၏။ ပညာမရှိသော သူသည် လည်းငြူစူသောသဘောအားဖြင့် သေခြင်းသို့ ရောက်တတ်၏။ ယောဘ ၅း၂

Cambridge Dictionary တွင်မနာလိုခြင်း၏အဓိပ္ပါယ်မှာ-တစ်စုံ တစ်ယောက်တွင်ရှိသောတစ်စုံတစ်ရာ (သို့) တစ်ဦးတစ်ယောက် ကို သင်လိုချင်သောကြောင့်မပျော်ရွှင်ခြင်း (သို့) ဒေါသဖြစ်ခြင်း ခံစားမှုတစ်ခုဟူ၍ဖွင့်ဆိုထားပါသည်။ လူတိုင်းသည် မနာလိုစိတ်ရှိ ကြပါသည်။ တစ်စုံတစ်ယောက်၏ကြီးမားသောအိမ်၊ လှပမှု၊ ကား အသစ်၊ ပျော်ရွှင်သောလည်ပတ်အပန်းဖြေခြင်း၊  အောင်မြင်သော ကလေးများရှိခြင်းကြောင့်ကျွန်ုပ်တို့သည်မနာလိုစိတ်ဖြစ်လာတတ် ပါသည်။ ကျွန်ုပ်မနာလိုသောအရာတစ်ခုမှာအခြားသူတို့၏မိသားစု များဖြစ်ပါသည်။လွန်ခဲ့သောနှစ်၃၀တွင်အမေရိကားသို့တစ်ယေက် တည်းရောက်ရှိခဲ့ပါသည်။ မိသားစုဝင်များသည် မလာရောက်နိုင် ပါ။ အခြားမိသားစုများအတူတကွပျော်ရွှင်နေကြသည်ကိုမြင်သော အခါမကြာခဏစိတ်တိုမနာလိုဖြစ်မိပါသည်။ နှစ်စဥ်နှစ်တိုင်းဘုရား ကျောင်းတွင်မိခင်များနေ့နှင့် ဖခင်များနေ့ကျင်းပသောအခါစိတ်အ နှောင့်အယှက်ဖြစ်ရပါသည်။ မနာလိုခြင်းသည်ကျွန်ုပ်၏ပျော်ရွှင်မှု ကိုခိုးယူပြီးစိတ်ဓာတ်ကိုလည်းသေစေပါသည်။ သင်သည်ကျွန်ုပ် ကဲ့သို့ဖြစ်လျှင်ကျွန်ုပ်တို့၏မနာလိုမှုကိုမည်သို့​ဖြေရှင်းလုပ်ဆောင်မည်နည်း။ Roy T. Bennettက“မနာလိုခြင်းသည်သင်၏ကောင်း ချီးမင်္ဂလာများကိုရေတွက်ရမည့်အစားအခြားသူ၏ကောင်းချီးမင်္ဂလာများကိုရေတွက်ခြင်းဖြစ်သည်” ဟုပြောပါသည်။ မနာလိုမှုမှခိုး  ယူသောပျော်ရွှင်မှုပြန်ရရှိရန်ကျွန်ုပ်တို့၏ကောင်းချီးမင်္ဂလာများကို နားလည်ပြီးရေတွက်ရမည်ဖြစ်သည်။ မနာလိုမှုကိုအပြီးထုတ်ပစ် နိုင်မည်ဟုမဆိုလိုပါ။ သို့သော်မနာလိုမှုဖြစ်လာသောအခါတိုင်း ကျေးဇူးတော်ခံစားရသောအရာများကိုစာရင်းပြုစုခြင်းဖြင့်မနာလိုမှုကိုချက်ချင်းသတ်ပစ်နိုင်ပါသည်။ ထိုသို့ပြုလျှင်ကျွန်ုပ်တို့၏အာရုံစူး စိုက်မှုသည်မနာလိုမှုမှကျေးဇူးတင်မှုသို့ပြောင်းလဲသွားပါလိမ့်မည်။

အိုအဖကျွန်ုပ်၏မနာလိုတတ်သောစိတ်ကို ကျေးဇူးတင်တတ် သောစိတ်သို့ကျေးဇူးပြု၍ပြောင်းလဲပေးတော်မူပါ။ ယေရှုနာမ၌ ဆုတောင်းပါ၏။အာမင်။