ဆက်စပ်မှုရှိခြင်း

အပတ်စဥ်-၂၃

ဆက်စပ်မှုရှိခြင်း

ထို့အတူ၊ အများဖြစ်သောငါတို့သည် ခရစ်တော်၌ တစ်ကိုယ်တည်းဖြစ်၍၊ အသီးသီးအင်္ဂါချင်းဖြစ်ကြ၏။
ရောမ ၁၂း၅

မိသားစုနှင့်အသင်းတော်ကြားတွင်ဆက်စပ်မှုရှိသောဆက်ဆံရေးသည်ကျွန်ုပ်တို့ခရစ်ယာန်တို့၏ချစ်စရာကောင်းသောယဥ်ကျေးမှု ဖြစ်ပါသည်။ အသင်းတော်နှင့်မိသားစုဆက်နွယ်မှုကို တစ်ဦးနှင့် တစ်ဦးရင်းနှီးကျွမ်း၀င်သောဆက်ဆံရေးနှင့် ဘုရားသခင်မှသူ၏ လူများအားခေါင်းဆောင်မှုနှင့်အခွင့်အာဏာပေးထားခြင်းတို့တွင်တွေ့ မြင်ရပါသည်။ ကျွန်ုပ်သည်ဘုရားရှင်အမှုတော်တာ၀န်တွင် ဆက်ကပ်ထားသောခရစ်ယာန်မိသားစုမှကြီးပြင်းခဲ့ပြီး အခြား သောယုံကြည်သူများနှင့်ကျွမ်း၀င်ဆက်နွယ်ခြင်းသည် ကျွန်ုပ်တို့ မိသားစုအတွက်အအလွန်အရေးကြီးပါသည်။ ဘုရားကျောင်း သည် အဆောက်အဦးတစ်ခုထက်ပိုသည်သာမက တစ်ပတ်လျှင် ၂ကြိမ် (သို့) ၃ကြိမ်သွားတက်၍သီချင်းဆိုခြင်း၊ တရားဒေသနာ နားထောင်ခြင်းတို့ထက်ပို၍လေးနက်ပါသည်။ ခရစ်တော်၌ရှိသော ကျွန်ုပ်တို့ညီအစ်ကိုမောင်နှမတို့သည်ဘုရားကျောင်းတွင်တနင်္ဂနွေ နေ့တွင်သာအကျွမ်း၀င်သည်မဟုတ်ဘဲ နေ့စဥ်ပုဂ္ဂိုလ်ရေးသာမက ဝိညာဥ်ရေးတွင်လည်း အတူတကွတလုံးတ၀တည်းရှိကြပါသည်။ ထိုရင်းနှီးကျွမ်းဝင်မှုအတွင်းတွင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာ၊ စိတ်ခွန်အားပေးခြင်းတို့ရှိသည်ကိုယုံကြည်ပါသည်။ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာသည်ကောင်းသောဥပမာတစ်ခုဖြစ်ပါသည်။ ကိုယ်ခန္ဓာ တွင်အင်္ဂါအသီးသီးရှိပြီးအင်္ဂါတစ်ခုခြင်းသည်ကိုယ်တိုင်မရပ် တည်နိုင်ပါ။ အစိတ်အပိုင်းများဖြစ်သောကြောင့်၎င်းတို့၏တာဝန် များကိုလုပ်ဆောင်နိုင်ရန်အခြားအစိတ်အပိုင်းအသီးသီးကအ ထောက်အကူပြုလုပ်ပေးပါသည်။ ထို့အတူခရစ်တော်၌ကျွန်ုပ်တို့ သည် ဆက်နွယ်ချိတ်ဆက်လျက် ရှိပြီးထာဝရအစဉ်အဆုံးမရှိ ဆက်လက်ပြီး တစ်ဦးနှင့်တစ်ဦးသက်ဆိုင်သွားပါလိမ့်မည်။

အိုအဖ ကျွန်ုပ်တို့သည်ခရစ်တော်၌တစ်လုံးတစ်ဝတည်းဖြစ်၍ တစ်ဦးနှင့်တစ်ဦးစည်းလုံးညီညွတ်ခြင်းဖြင့်ဆက်စပ်မှုရှိပြီး ဤလောကသို့ ဘုရားသခင်၏နိုင်ငံတော်ကိုယူဆောင်လာသော သူများဖြစ်ရန်သိရှိနားလည်စေတော်မူပါ။ ယေရှုနာမ၌ဆုတောင်းပါ၏။ အာမင်။