အပတ်စဥ် ၄၁
ပုန်ကန်ထကြွခြင်း
မိမိအလိုအတိုင်းမကောင်းသောလမ်းကိုလိုက်၍၊ ငြင်းဆန်တတ်
သော လူမျိုးကိုမျက်နှာပြုလျက်၊ တနေ့လုံးငါသည် ကိုယ်လက်ဝါး ကိုဖြန့်ရပြီ။
ဟေရှာယ ၆၅း၂
ယနေ့အမေရိကန်နိုင်ငံရှိအသင်းတော်များစွာ၌လူငယ်များသည်
ဘုရားကျောင်းကို ကျောခိုင်းပြီးမသွားကြတော့ပေ။ ထိုအဖြစ်အ ပျက်ကိုကျွန်ပ်တို့အသင်းတော်များတွင်လည်း စတင်တွေ့ရှိရပါသည်။ ကျွန်ပ်တို့ကိုမျှော်လင့်ချက်ပေးပြီး သေခြင်းမှကယ်နုတ် တော်မူသောဘုရားကိုဆက်လက်ယုံကြည်ဖို့ရာမရှိဟု ထိုကလေး များပြောသည်ကိုကြားရသည်မှာအလွန်နာကျင်ရပါသည်။ ကျွန်ပ် တို့သစ္စာရှိစွာဝတ်ပြုကိုးကွယ်ခြင်းနှင့် အမှုတော်၌ဆပ်ကပ်ဆောင် ရွက်သောဘုရားကျောင်းကိုကလေးများစွန့်ခွာသောအခါအလွန် စိတ်နှလုံးကြေကွဲရပါသည်။ ဘုရားသခင်အားပုန်ကန်ခြင်းထက် ဆိုးသောအရာမရှိသည်ကိုသိရှိသောကြောင့်ကျွန်ပ်တို့ကလေးများ ၏ဘဝရှေ့ ရေးနှင့်ပန်းတိုင်အတွက် အစဥ်ပူပင်သောကဖြစ်ရပါ သည်။ အမေရိကန်နိုင်ငံ၏ယဥ်ကျေးမှုကိုပြစ်တင်နိုင်ပါသည်။ အ သင်းတော်များသည်မိမိကလေးများကိုအဓိကအရေးပါသည်ဟုပြောပြီးအရေးပါသည့်နေရာတွင်ထားရှိပါသလားဟု မိမိတို့၏ ဆောင်ရွက်ချက်များ ကိုသေသေချာချာပြန်လည်ဆန်းစစ်ရမည် ဖြစ်သည်။ ကျွန်ပ်တို့၏ကလေးများကိုမည်သို့ချစ်သနည်း။ ကျွန်ပ် တို့၏သဘောအတိုင်းပြုလုပ်မှသာချစ်မည်လား၊ ကလေးများကို နားလည်ပေးရမည်လား၊ သူတို့နှင့်ရင်းနှီးမှုကိုပို၍ခိုင်မြဲစေမှာလား၊ သူတို့အတွက်ဆုတောင်းပါရဲ့လား၊ သူတို့ကိုပုန်ကန်သူအဖြစ်လက် ခံပြီးကျေးဇူးမေတ္တာတရားဖြင့်ကြိုဆိုလက်ခံမည်လား၊ အားမလျော့ ပါနှင့်၊ ကျွန်ပ်တို့ကိုးကွယ်သောဘုရားရှင်သည်ပုန်ကန်သူများကို လက်ကမ်းကြိုဆိုပါသည်။ သူတို့သည်ဘုရားရှင်ကိုစွန့်ခွာကျောခိုင်း ခဲ့သော်လည်းဘုရားသခင်၏ချစ်မေတ္တာဖြင့်လက်ကမ်းကြိုဆိုမှုမှကွဲ ကွာနိုင်မည်မဟုတ်ပေ။ သင်လည်းဘဲလက်ကမ်းကြိုဆိုပေးပါ။
အိုအဖ ကိုယ်တော်သည်ကျွန်ပ်တို့ကိုလက်ကမ်းကြိုဆိုသကဲ့သို့ ကိုယ်တော်အားပုန်ကန်သောသားသမီးများကိုမေတ္တာဖြင့် လက်ကမ်းကြိုဆိုလက်ခံရန်သွန်သင်တော်မူပါ။ယေရှုနာမ၌ဆုတောင်းပါ၏။ အာမင်။