အဖော်မဲ့ခြင်း

အပတ်စဥ်  ၂၈

အဖော်မဲ့ခြင်း

ကိုယ်မိဘတို့သည်အကျွန်ပ်ကိုစွန့်သော်လည်း၊ ထာဝရဘုရားသည် အကျွန်ပ်ကိုချီယူတော်မူမည်။
ဆာလံ ၂၇း၁၀

လူသားအနေဖြင့်ကျွန်ပ်တို့သည်တစ်ကိုယ်တည်းရပ်တည်ရသောအချိန်မကြာခဏရင်ဆိုင်တွေ့ကြုံရပြီးကျွန်ပ်တို့ဘေးတွင်တစ်စုံတစ်ယောက်ရှိဖို့ရန်လိုလားပါသည်။ မိသားစု၊ ဆွေမျိုးများနှင့် သူငယ်ချင်းများကိုလိုအပ်သောအချိန်တွင် ဘေးမှာမရှိကြသော အခါ ဝမ်းနည်းခြင်း၊ အထီးကျန်ခြင်းနှင့်ပစ်ပယ်ခံရခြင်းကိုခံစားရ ပါသည်။ မနှစ်ကအစ်ကိုကွယ်လွန်သွားပြီးနောက်တစ်ဦးတည်း အလွန်အဖော်မဲ့စွာခံစားရပါသည်။ အစ်ကိုအမျိုးသမီးနှင့်ကလေး များကို စစ်ဘေးရှောင်နေရာသို့ပို့ဆောင်ရန်ကူညီပေးမည်ဟုလူအ များကဖုန်းဆက်ပြောပါသည်။ ယောင်းမသည်ထိုင်းမြန်မာနယ်စပ် သို့ရောက်သောအခါ ထိုင်းကရင်ရွာ (သို့) စခန်းတွင်နေထိုင်ရန် ကူညီပေးမည် ဟုဂတိပေးထားသောလူအားလုံးသည်ဖုန်းပြန်လည် ဖြေကြားခြင်းမရှိတော့ပေ။ ကျွန်ပ်စိတ်ဓါတ်ကျပြီးအဖော်မဲ့စွာခံ စားရပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုစဥ်းစားဆင်ခြင် သောအခါ ဘုရားသခင်သည်ကျွန်ပ်တို့၏ မပြောင်းလဲသော ထာဝရအဖာ်မွန်ဖြစ်ကြောင်းသိရှိနားလည်ခဲ့ပါသည်။ ယခုသင်၏ အသက်တာခရီးတွင်မည်ကဲ့သို့အဖာ်မဲ့စွာလျှောက်လှမ်းနေရသည်ကိုမသိပေမဲ့ ယနေ့ဘုရားသည်သင်နှင့်အတူရှိသည်ကိုကျွန်အမှန် သိရှိပါသည်။

အဖဘုရားသခင် ကျွန်ပ်ကိုအခြားသူများမမြင်တွေ့သော်လည်း ကိုယ်တော်ကမြင်တွေ့ပေးပြီး နှစ်သိမ့်မှုပေးသည့် အတွက် ကျေးဇူးတင်ပါသည်။ ကျွန်ပ်အဖော်မဲ့နေစဥ် ကျွန်ပ်နှင့် အတူကိုယ်တော် ရှိနေခြင်းအတွက်ကျေးဇူးတင်ပါသည်။ ယေရှုနာမ၌ဆုတောင်းပါ၏။ အာမင်။