ကြင်နာခြင်း

အပတ်စဥ်-၂၇

ကြင်နာခြင်း

သင့်ကိုခဏသာငါစွန့်သည်ဖြစ်၍များစွာသောကရုဏာနှင့်တဖန် သိမ်းဆည်းဦးမည်။ ပြင်းစွာသောအမျက်ထွက်၍ခဏမျှငါမျက်နှာ လွှဲသော်လည်း ထာဝရမေတ္တာနှင့်သင့်ကို ကယ်မသနားဦးမည်ဟု သင့်ကိုရွေးနုတ်သော ထာဝရဘုရားမိန့်တော်မူ၏။
ဟေရှာယ ၅၄း၇-၈

လူသားတို့၏ချစ်ခြင်းမေတ္တာ၊ ကရုဏာတို့သည်အတိုင်းအတာတစ် ခုအထိသာရှိပါသည်။ ကျွန်ုပ်တို့၏စိတ်၊ အမူအကျင့်တို့သည် ချစ် ခင်နှစ်သက်စရာမကောင်းလျှင် လူ၏သားတို့၏သနားကြင်နာခြင်း သည် လျင်မြန်စွာပျောက်ကွယ်သွားပါသည်။ သို့သော်ဘုရားသခင် ၏ချစ်ခြင်းမေတ္တာနှင့်ကရုဏာသည်ကျွန်ုပ်တို့အပေါ်တွင်အစဥ်အမြဲတည်ရှိပါသည်။ ဘုရားသခင်သည်ကျွန်ုပ်တို့လူမျိုး၏အသက် တာခရီးတွင်မေတ္တာ၊ကရုဏာပြသော်လည်းကျွန်ုပ်တို့သည်နာခံခြင်း မရှိဘဲမိမိအလိုတိုင်းလိုက်လျှောက်အသက်ရှင်ပါသည်။ ကျွန်ုပ်တို့  သည်ချစ်ခြင်းမေတ္တာကရုဏာမရှိသောကြောင့် ရန်ဖြစ်၍ စည်းလုံး ညီညွတ်မှုပျက်ပြားပြီးခိုင်မြဲခြင်းမရှိတော့ပေ။ တစ်ခါတစ်ရံ ကျွန်ုပ် တို့အပြစ်ကြောင့်ဘုရားသခင်ချစ်နေဆဲလားဟုမေးမိပါလိမ့်မည်။ ယနေ့ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဖတ်ခြင်းဖြင့်သင့်အတွက် ဘုရား၏ထာဝရမေတ္တာကရုဏာကိုသံသယမရှိဘဲယုံကြည်ပါ။ 

“ထာဝရဘုရားသည်သနားတတ်သောသဘော၊ ကျေးဇူးပြုတတ် သောသဘော၊ စိတ်ရှည်၍၊ ကရုဏာကြွယ်ဝသောသဘောရှိတော် မူ၏။ အစဥ်မပြတ်အပြစ်တင်တော်မူသည်မဟုတ်။ အငြိုးကိုအမြဲ ထားတော်မူသည်မဟုတ်။ ငါတိုပြစ်မှားခြင်းနှင့် အလျောက်ငါတို့ ၌ပြုတော်မမူတတ်။ ငါတို၌ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကိုပေး တော်မမူတတ်။ မြေကြီးပေါ်တွင် ကောင်းကင်အမြင့်ရှိသည်အ တိုင်းထာဝရဘုရားကိုကြောက်ရွံ့သောသူတို့၌ကရုဏာတော် သည်အားကြီးပေ၏။” ဆာလံ ၁၀၃း၈-၁၁

အိုအဖ-ကိုယ်တော်၏မပြောင်းလဲသောချစ်မေတ္တာ၊ ကြင်နာကရု ဏာအတွက်ကျေးဇူးတင်ပါသည်။ ကိုယ်တော်ကျွန်ုပ်တို့ကိုချစ် သကဲ့သို့သူတစ်ပါးအပေါ်တွင်ချစ်ခင်ကြင်နာကရုဏာထားရှိဖို့ရန်ယေရှုနာမ၌ကူညီမစတော်မူပါ။ အာမင်။