ပြုမူလုပ်ဆောင်လိုသောစိတ်

အပတ်စဥ် ၅၁

ပြုမူလုပ်ဆောင်လိုသောစိတ်

အကြောင်းမူကား၊ စေတနာစိတ်သည်အသင့်ရှိလျှင်၊ မတတ်နိုင်သောအမှုကိုမထောက်ဘဲ၊ တတ်နိုင်သောအမှုကိုထောက်၍နှစ်သက်တော်မူဖွယ်ဖြစ်၏။
ကော ၈း၁၂

ပြုမူလုပ်ဆောင်လိုသောစိတ်သည်ကိစ္စများအလုပ်ဖြစ်မြောက်ခြင်းကိုမြင်တွေ့လိုပါသည်။ ၎င်းသည်ကိစ္စများကိုကြိုးစား၍ပိုမိုကောင်း မွန်အောင်ပြုလုပ်ရန်ခက်ခဲသောအခြေအနေများကိုတုံ့ပြန်ခြင်းဖြစ် သည်။ ခက်ထန်မာကြောသောစိတ်သည်ပြုမူလုပ်ဆောင်လိုသော စိတ်၏ဆန့်ကျင်ဘက်ဖြစ်ပါသည်။  ၎င်းသည်ကိစ္စများကိုမိမိ သဘောအတိုင်းသာလုပ်ချင်ပါသည်။ ပြုမူလုပ်ဆောင်လိုသောစိတ် သည်နာခံဖို့ရန်အသင့်ရှိနေခြင်းဖြစ်ပါသည်။ ခက်ထန်မာကျော သောစိတ်သည်ခံစားပိုင်ခွင့်သဘောထားရှိခြင်းနှင့်ညှိုနှိုင်းလိုခြင်း စိတ်မရှိပေ။ ဥပမာအားဖြင့်ဘောလုံးပြိုင်ပွဲများတွင်ပြုမူလုပ်ဆောင် လိုသောစိတ်သည်ကွင်းထဲတွင်ဘောလုံးကစားခြင်းဖြစ်ပြီးမာကြောသောစိတ်သည်ဘောလုံးပွဲကိုကြည့်ပြီး ဘောလုံးကန်ချက်မမှန်ကန် မှုအတွက်ကစားသမားများကိုဝေဖန်ပြောဆိုပါသည်။ ကျွန်ပ်တို့အ သင်းတော်များတွင်ပြုမူလုပ်ဆောင်လိုသောစိတ်သည် “ဘာတွေလို အပ်လဲ”“ဘာကူညီရမလဲ” ဟုမေးပါသည်။ မာကြောသောစိတ်မှာ ကျွန်ပ်အတွက်အသင်းတော်ဘာလုပ်ပေးမလဲတောင်းဆိုတတ် သည်။ ဥပမာ ကောင်းသောအဆောက်အဦး၊ ပျော်ပွဲရွှင်ပွဲ၊ကောင်း သောတေးဂီတ၊အချိန်ပေးနိုင်သည့်သင်းအုပ်ဆရာတို့ဖြစ်ပါသည်။ ပြုမူလုပ်ဆောင်လိုသောစိတ်ရှိသောသူ၏နှလုံးသားသည်ငွေရေး ကြေးရေး၊ ပညာရေး မပြည့်စုံသော်ညားလည်းကြိုးစားမှုရှိသည်။ ​ဘုရားသခင်သည်သူတို့၏ပြုမူလုပ်ဆောင်လိုသောစိတ်ကိုအသိအ မှတ်ပြုပြီးအသီးများကိုသီးစေပါသည်။ သင်သည်ပြုမူလုပ်ဆောင် လိုသောစိတ်(သို့)ခက်ထန်မာကြောသောစိတ်ရှိပါသလား။ သင်၏ နှလုံးသားသည်ဘုရားသခင်၏နိုင်ငံတော်တိုးတက်ကျယ်ပြန့်ဖို့ရန် (သို့)သင့်ကိုသင်တိုးတက်ကြီးပွားရန်ပြုလုပ်ချင်ပါသလား။

အိုအဖ ကိုယ်တော်၏နှလုံးသားကိုပေးသနားတော်မူပါ။ ကျွန်ပ်၏စိတ်စေတနာဖြင့်ပေးလှူ‌သောအရာများကိုလက်ခံပြီး ဂုဏ်ပြုပေးသည့်အတွက်ကျေးဇူးတင်ပါသည်။ ယေရှုနာမ၌ဆုတောင်းပါ၏။ အာမင်။