ရှက်ကြောက်ခြင်း

အပတ်စဥ် ၄၄

ရှက်ကြောက်ခြင်း

ထိုကျောက်ကိုအမှီပြုသောသူမည်သည်ကားရှက်ကြောက်ခြင်းမရှိနိုင်ရာဟုလာသတည်း။
ရောမ ၁၀း၁၁

ကျွန်ပ်၏သူငယ်ချင်းသည်ကလေးမွေးပြီး၃လတွင် သူ့ခင်ပွန်းက ချန်ထားသောကြောင့်နှစ်ပေါင်းများစွာနာကျင်ခံစားအရှက်ရခဲ့ပါ သည်။ ကိုယ့်ကိုယ်ကိုတန်ဖိုးမရှိ၊ နိမ့်ကျသောသူဟုခံစားရပြီး နှစ် ၂ဝကျော်ကြာမှခံစားမှုများကုစားနိုင်ကာအသင်းတော်ထဲသို့ပြန် လည်ဝင်ရောက်နိုင်ခဲ့သည်။ “ကျွန်မ၏ခံစားမှုကို ပျောက်ကင်းစေ သောအရာမှာနှုတ်ကပတ်တော်မှ‌ဖော်ပြထားသော ဘုရားသခင်၏ အနှိုင်းမဲ့မေတ္တာနှင့်ကျွန်မကိုအပြစ်မတင်သောခရစ်ယာန်မိတ်ဆွေ များ၏စစ်မှန်သောရင်းနှီးဆက်ဆံမှုကြောင့်ဖြစ်ပါသည်” ဟုရှင်းပြ ပါသည်။ အသင်းတော်ထဲတွင်အရှက်ရစရာ အ ကြောင်းများဖြင့် ပွင့်လင်းစွာ(သို့)သိမ်မွေ့စွာပြုလုပ်ဆက်ဆံခံရသည်ကိုဝမ်းနည်းစွာ ဖြင့်တွေ့ရှိရပါသည်။ သူတစ်ပါး၏အပြုအမူကို ပြောင်းလဲရန်အမှား လိုက်ရှာခြင်း၊ လမ်းမှားသူကိုလက်မခံခြင်း၊ အပြစ်စီရင်ခြင်းကဲ့သို့ အရှက်ကိုအသုံးပြုခြင်းသည်ဘုရားသခင်၏ဝိသေသကို ထင် ယောင်ထင်မှားဖြစ်စေပါသည်။ အရှက်ရစေခြင်းသည်ကြောက်ရွံ့ စေခြင်းမှဖြစ်တည်လာပါသည်။ အရှက်ရစေခြင်းသည်ဖုံးကွယ်  ထားခြင်းမရှိသော အမှန်တကယ်ရင်းနှီးမှုကို ဟန့်တားပြီးသန့်ရှင်း သောဝိညာဥ်တော်မှဖွင့်ပြသော ကျွန်ပ်တို့၏အားနည်းချက်များနှင့် စစ်မှန်သောနောင်တဖြင့်အသက်တာကိုပြန်လည်ပြောင်းလဲပြင် ဆင်ရန်ကူညီပေးခြင်းကိုပိတ်ဆို့ဟန့်တားပါသည်။ အပြစ်သည်နီရဲ သော်လည်းခရစ်တော်ကအဖိုးအခပေး၍ အပြစ်များအားလုံးကို ဆေးကြောခဲ့ပြီဖြစ်သည်။ ခရစ်တော်သည်အခွန်ခံဇက္ခဲနှင့်ဖောက် ပြန်သောမိန်းမကိုလက်ခံခဲ့ပြီး ချစ်ခြင်းမေတ္တာကျေးဇူးတော်ဖြင့် ဆက်ဆံခဲ့သည်။ ချစ်ခြင်းမေတ္တာနှင့်ကျေးဇူးတော်သည်စစ်မှန် သောအသက်တာကို ပြောင်းလဲစေပါသည်။ အရှက်ရစေခြင်း ကြောင့် လုံးဝမဟုတ်ပါ။

ဘုရားသခင်ကိုယ်တော်၏အသင်းတော်များထဲတွင်ရန်သူမှ လာသောရှက်ကြောက်ခြင်းတန်ခိုးကိုယေရှုနာမအားဖြင့် ကျေးဇူးပြု၍ဖယ်ရှားတော်မူပါ။ အာမင်။