ယုံကြည်မှု

အပတ်စဥ် ၄၆

ယုံကြည်မှု

အကျွန်ပ်သည်ကြောက်ရွံ့သောအခါကိုယ်တော်၌ခိုလှုံပါ၏။
ဆာလံ ၅၆း၃
ငါသည်လည်းကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့်အတူ အစဥ်မပြတ်ရှိသည်ဟုတပည့်တော်တို့အားမိန့်တော်မူ၏။
မဿဲ ၂၈း၂၀ခ

ဆက်ဆံရေးတစ်ခုကောင်းမွန်ရန်အတွက်ယုံကြည်မှုသည်မုချလို အပ်ပါသည်။ ယေရှုခရစ်တော်တပည့်များ၏သက်သေခံချက် သည်တစ်ဦးနှင့်တစ်ဦးချစ်ခြင်းပင်ဖြစ်ပါသည်။ ယုံကြည်မှုသည် ချစ်ခြင်းမေတ္တာကိုတည်ဆောက်ခြင်းပင်ဖြစ်သည်။ ကျွန်ပ်တို့ဆက် ဆံရေးတွင်မည်ကဲ့သို့သောယုံကြည်ခြင်းဖြင့်ခိုင်မာစေမည်နည်း။ နှုတ်ဆိတ်ခြင်း(သို့) စီရင်ခြင်းမပါဘဲသင်၏သံသယနှင့်ကြောက်ရွံ့ ခြင်းကိုအမှန်ဖော်ပြနိုင်သောနေရာတစ်နေရာကို စိတ်ကူးကြည့်ပါ။ သင်သည်ခွင့်လွှတ်ခြင်း၊ လက္ခံခြင်းရမည်ကိုသိခြင်းဖြင့်သင်၏ အ ရှုပ်အထွေးများကိုဝန်ခံနိုင်သောနေရာတစ်နေရာကိုစိတ်ကူးကြည့် ပါ။ ထိုနေရာသည် ယုံကြည်မှုတည်ဆောက်ထားသောနေရာဖြစ်ပါ သည်။ ထိုနေရာသည်သင်၏အသင်းတော်ဖြင့်စိတ်ကူးကြည့်ပါ။ ဆာလံဆရာသည် ကြောက်ရွံ့သောအခါဘုရားထံယုံကြည်မှုဖြင့် တိုးဝင်ချဥ်းကပ်ခဲ့သည်။ ကျွန်ပ်တို့သည်ကြောက်ရွံ့သောအခါအား ပေးတိုက်တွန်းခြင်းနှင့်ထောက်ပံ့ခြင်းအတွက်ခရစ်တော်၌ ညီအစ် ကိုမောင်နှမဆီသို့ဝင်ရောက်ချဥ်းကပ်နိုင်ပါသလား။ မှန်ကန်သော လမ်းကြောင်းပေါ်သို့ပြန်ရောက်ရန်အဖြေရှာမရသောအခါ ခရစ် ယာန်မိသားစုထံမှ စိတ်ရှည်သီးခံခြင်းနှင့်ကျေးဇူးတော်ကိုရရှိနိုင် ပါသလား။ ကျွန်ပ်တို့အသက်တာတွင်သခင်သည်ကျွန်ပ်တို့နှင့် အတူရှိပြီးကျွန်ပ်တို့မှားယွင်းသောအရာများကိုပြုလုပ်သောအခါ ခရစ်တော်သည်ကျွန်ပ်တို့နှင့်အတူရှိပါသည်။ ကျွန်ပ်တို့ခရစ်ယာန် မောင်နှမများသည် တစ်ဦးစီ၏အသက်တာထဲတွင်အနှစ်သာရ ဖြစ်သောယုံကြည်ခြင်းကြီးထွားရန်မည်သို့ဖော်ပြကြမည်နည်း။

ခရစ်တော်ဘုရား ကျွန်ပ်တို့သည်ဘယ်သောအခါမှတစ်ဦး တည်းရှိမနေဘဲကိုယ်တော်ကိုအမြဲယုံကြည်စိတ်ချရသောကြောင့်ကျေးဇူးတင်ပါသည်။ ယေရှုနာမ၌ဆုတောင်းပါ၏။ အာမင်။