ဒုက္ခပြသနာ

အပတ်စဥ် ၄၅

ဒုက္ခပြသနာ

ဆင်းရဲသောသူ၏အော်ဟစ်ခြင်းအသံကိုထာဝရဘုရားသည်    နားထောင်၍ခပ်သိမ်းသောဆင်းရဲထဲကကယ်လွတ်တော်မူမည်။
ဆာလံ ၃၄း၆

ကျွန်တော်၏သမီးသည်အမေရိကန်နိုင်ငံတွင်ကျောင်းတက်ခွင့်ရရှိ သောအခါသူမကိုပို့ရန်ဆုံးဖြတ်ခဲ့ပါသည်။ သို့ရာတွင်ကုန်ကျမည့်စ ရိတ်ကိုကြည့်သောအခါဦးခေါင်းပေါက်ကွဲလုမတတ်ဖြစ်ရပါသည်။ ထိုကုန်ကျစရိတ်ကိုကျွန်တော်လက်လှမ်းမမှီနိုင်ပါ။ နည်းလမ်းရှာ မရသောအခါဘုရားသခင်ထံဒူးထောက်၍ဆုတောင်းခဲ့ပါသည်။ သမီး၏ကောလိပ်ဒုတိယနှစ်တွင်ရှာထားသောငွေများကုန်သွားခဲ့ပါ သည်။ သို့သော်အမေရိကန်တွင်ရှိသောညီမကသမီးကိုကူညီခဲ့ပါ သည်။ တဆင့်ပြီးတဆင့်သူမကျော်ဖြတ်နိုင်ခဲ့ပါသည်။ မမျှော်လင့် ဘဲမြန်မာပြည်သားများကိုကူညီချင်စိတ်ရှိသောအမေရိကန် စုံတွဲ ထံမှအလုပ်တစ်ခုရရှိခဲ့ပါသည်။ Onlineပေါ်မှာအလုပ်လုပ်ခြင်း ဖြင့် ဝင်ငွေရရှိခဲ့ပါသည်။ လိုအပ်ချိန်တွင်ကြီးမားသောအကူအညီ တစ်ခုဖြစ်ခဲ့ပါသည်။ ဝန်ထုပ်ကိုပေါ့စေခဲ့ပါသည်။ ထို့ပြင်ထိုစုံတွဲ ထံမှလည်းငွေချေးယူနိုင်ခဲ့ပါသည်။ သူတို့သည်သမီး၏ ကျောင်း စရိတ်ကိုတောင်မှထောက်ပံ့ကူညီပေးခဲ့ပါသည်။ သို့ရာတွင် ကျောင်းလခ ကျန်းမာရေးနှင့်အခြားသောကုန်ကျစရိတ်အတွက်လုံ လောက်ခြင်းမရှိပါ။ အမြဲစိတ်ပူပန်ရပါသည်။ ဘုရားသခင်ရှေ့ တော်မှောက်၌ဒူးထောက်ဆုတောင်းပြီးအခက်အခဲများကိုလျှောက် တင်ခဲ့ပါသည်။ ယနေ့ကျွန်မ၏သမီးသည်အမေရိကားတွင် Degree ရရှိခဲ့ပါပြီ။ ဘုရားသခင်သည် ကျွန်ပ်၏ဆုတောင်းသံကို နာညောင်းခဲ့ပြီး ဒုက္ခအပေါင်းမှကယ်တင်ခဲ့ပါသည်။

အိုအဖ ကျေးဇူးပြု၍အခက်အခဲများနှင့်ရင်ဆိုင်ကြုံနေရသောသူများသည် ထိုဒုက္ခမှလွတ်မြောက်ရန်ကိုယ်တော်ထံသို့လာ၍ခေါ်ရန်သိစေ တော်မူပါ။ ယေရှုနမ၌ဆုတောင်းပါ၏။ အာမင်။