ဘဝင်မြင့်ခြင်း

အပတ်စဥ် ၅၀

ဘဝင်မြင့်ခြင်း

မာနသည်ပျက်စီးခြင်းအရင်၊ ‌ထောင်လွှားသော သဘောသည်ရှုတ်ချခြင်းအရင်၌နေရာကျတတ်၏။ 

သုတ္တံ ၁၆း၁၈

အဖိုးကွယ်လွန်ပြီးနောက်အဝီစိတွင်းတူးခဲ့သောပစ္စည်းများကျန်ခဲ့ပါသည်။ ဆက်လက်၍အလုပ်လုပ်ရန်မရှိသောကြောင့်ပြန်လည်‌ ရောင်းချရန်ဆုံးဖြတ်ခဲ့ပါသည်။ လူတစ်‌ယောက်သည်ပစ္စည်းများ ကိုလာကြည့်ပြီးစျေး‌လျော့ခိုင်းပါသည်။ ထိုအချိန်တွင်ကျွန်တော် သည်ငွေမလိုသောကြောင့်မာနဖြင့် “ ခင်ဗျားဝယ်ချင်ဝယ်၊မလိုချင် ရင်မဝယ်နဲ့၊ဂရုမစိုက်ဘူး”ဟု ဆတ်ကနဲပြောလိုက်ပါသည်။ သူက လည်း “မဝယ်နိုင်သေးဘူ၊ ပြန်ပါအုံးမယ်”ဟုအေးဆေးပြန်ပြောပါ သည်။ ကျွန်တော်၏မာနသည်အားနည်းချက်တစ်ခုဖြစ်ခဲ့၍သူတစ် ပါးကိုလေးစားမှုမရှိသောအမူအယာဖြစ်ခဲ့ပါသည်။ ထိုလူသည်ကြီး မားသောတာဝန်ကိုထမ်းဆောင်နေသောအင်ဂျင်နီယာကြီးတစ် ယောက်ဖြစ်ကြောင်းနောက်ပိုင်းတွင်သိရှိခဲ့ရပါသည်။ တစ်နှစ်ကြာ ပြီးနောက်ပစ္စည်းနှင့်စက်များသည်သံချေးတက်လာပါသည်။ ထိုလူ ကိုသတိရပြီးဖုန်းခေါ်လိုက်ပါသည်။ သူသည်ကောင်းမွန်စွာစကား ပြောပြီးပစ္စည်းများကိုထပ်လာကြည့်ပါသည်။ ဤတစ်ကြိမ်တွင် သင်ခန်းစာကောင်းကောင်းရခဲ့သောကြောင့် အရောင်းအဝယ်ဖြစ် ခဲ့ပါသည်။ ပစ္စည်းများသည်အလဟဿမဖြစ်တော့ပါ။ အိမ်လည်း ရှင်းသွားပါသည်။ ဤအကြောင်းအရာကိုစဥ်းစားမိတိုင်း အဓိပ္ပါယ် မဲ့မာနထားရှိခြင်းအတွက်ယခုထိရှက်မိပါသည်။ ကျွန်တော့်မှာရှိ သောငွေအနည်းငယ်အတွက်မာနထားရှိခြင်းဖြစ်ပါသည်။ မာန  ထားရှိခြင်းကြောင့်လဲကျသော်လည်း ဘုရားသခင်ကကျွန်တော့် အမှားအတွက်သင်ခန်းစာသင်ယူရရှိစေပြီးထိန်းချုပ်ထားထားပါ သည်။ 

အိုအဖ ကိုယ်တော်၏နှလုံးသားကိုကျွန်ပ်တို့အားပေးသနား တော်မူပါ။ အသက်တာတွင်ဝိညာဥ် အသီး၉မျိုးသီးပြီး ရှင်သန်စေပါ။ ယေရှုနာ၌ဆုတောင်းပါ၏။ အာမင်။