ပူပန်သောက

အပတ်စဥ် ၅၂

ပူပန်သောက

အဘယ်အမှုကိုမျှစိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ကျေးဇူးတော်ကိုချီး မွမ်းခြင်းနှင့်တကွဆုတောင်းပဌနာပြုသောအားဖြင့် သင်တို့တောင်း ပန်လိုသောအရာများတို့ကိုဘုရားသခင်အားကြားလျှောက်ကြ‌လာ့။

ဖိလိပ္ပိ ၄း၆

လူတိုင်းသည်ပူပန်သောကရှိကြသည်မှာပုံမှန်ဖြစ်ပါသည်။ သို့ရာ တွင်အချို့သည်စိုးရိမ်ပူပန်မှုလွန်ကဲသောကြောင့် ကိုယ်၊ စိတ်နှဖြာ ကျန်းမာရေးကိုထိခိုက်စေပါသည်။ အမေသည်သောကများစွာရှိ သောကြောင့်ကောင်းစွာစားမဝင်အိပ်မပျော်ဖြစ်ခဲ့ပါသည်။ မုဆိုးမ တစ်ယောက်အနေဖြင့်ခက်ခဲကြမ်းတမ်းသောအခြေအနေတွင်ကလေး ၄ယောက်ကိုပြုစုပျိုးထောင်ရာ၌ခက်ခဲမှု၊ ဝမ်းနဲမှု၊ မျက်ရည် များဖြင့်ပြည့်ခဲ့ပါသည်။ သူမ၏ရုန်းကန်မှုကိုမြင်တွေ့ရသည်မှာ နာကျင်လှပါသည်။ ယခုအချိန်တောင်မှတောထဲတွင်ခိုအောင်းနေ ရပါသည်။ ဤအရာသည်သူမ၏ပူပန်မှုကိုမလွဲဧကန်ထိပ်ဆုံးသို့ ရောက်စေပါသည်။ ကျွန်ပ်သည်­အမေ၏ငြိမ်းချမ်းမှုကို တစ်ကြိမ် လောက်မြင်တွေ့ချင်ပါသည်။ ကျွန်ပ်သည်လည်းများစွာစိုးရိမ်ပါ သည်။ တစ်ခါတစ်ရံဘာမှမဟုတ်သောအရာများအပေါ်တွင်စိုးရိမ် ပူပန်မှုမြင်ရပါသည်။ ပူပန်သောကကိုရှောင်လွှဲမရနိုင်သော်လည်း ထိုစိုးရိမ်မှုများကျွန်ပ်တို့ကိုလွှမ်းခြုံခွင့်ပေးပါက  ကျွန်ပ်တို့အသက် တာတွင်ဘုရားသခင်၏နေရာပျောက်ဆုံးနိုင်ပါသည်။ တစ်ခါတစ် လေအမေ့ကို “ဘုရားသခင်ယခုထိမသေပါ” ဟုပြောပါသည်။ စိုးရိမ်ပူပန်ခြင်းဖြင့်အသက်တာကိုဆွဲဆန့်၍မရနိုင်ပါ။ ကျွန်ပ်တို့ ကိုးကွယ်သောဘုရားသခင်သည်ကျွန်ပ်တို့၏သောကများနှင့် ပြဿနာများထက်ပို၍ကြီးမားကြောင်း တစ်ဦးနှင့်တစ်ဦးသတိပေး ကြပါစို့။ စိုးရိမ်ပူပန်ငြီးတွားနေမည့်အစားခံစားရသောကောင်းချီး မဂႅလာရေတွက်ခြင်း၊ ချီးမွမ်းခြင်း၊ ဆုတောင်းခြင်းအလေ့အထ စိတ်ဓာတ်ပျိုးထောင်ခြင်း နှင့်ဘုရားသခင်၏ကူညီထောက်ပံ့ပို့ ဆောင်ခြင်းကိုယုံကြည်လိုက်ပါ။

အိုအဖ စိုးရိမ်သောကများကိုကိုယ်တော်ထံအပ်နှံပါ၏။ ဝန်ထုပ်ဝန်ပိုးများကိုကျေးဇူးပြု၍ပေါ့ပါးစေတော်မူ၍ကိုယ်တော်ကိုပိုပြီးယုံကြည်ကိုးစားရန်သွန်သင်တော်မူပါ။
ယေရှုနာမ၌ဆုတောင်းပါ၏။ အာမင်။