အပတ်စဥ် ၅၂
ပူပန်သောက
အဘယ်အမှုကိုမျှစိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ကျေးဇူးတော်ကိုချီး မွမ်းခြင်းနှင့်တကွဆုတောင်းပဌနာပြုသောအားဖြင့် သင်တို့တောင်း ပန်လိုသောအရာများတို့ကိုဘုရားသခင်အားကြားလျှောက်ကြလာ့။
ဖိလိပ္ပိ ၄း၆
လူတိုင်းသည်ပူပန်သောကရှိကြသည်မှာပုံမှန်ဖြစ်ပါသည်။ သို့ရာ တွင်အချို့သည်စိုးရိမ်ပူပန်မှုလွန်ကဲသောကြောင့် ကိုယ်၊ စိတ်နှဖြာ ကျန်းမာရေးကိုထိခိုက်စေပါသည်။ အမေသည်သောကများစွာရှိ သောကြောင့်ကောင်းစွာစားမဝင်အိပ်မပျော်ဖြစ်ခဲ့ပါသည်။ မုဆိုးမ တစ်ယောက်အနေဖြင့်ခက်ခဲကြမ်းတမ်းသောအခြေအနေတွင်ကလေး ၄ယောက်ကိုပြုစုပျိုးထောင်ရာ၌ခက်ခဲမှု၊ ဝမ်းနဲမှု၊ မျက်ရည် များဖြင့်ပြည့်ခဲ့ပါသည်။ သူမ၏ရုန်းကန်မှုကိုမြင်တွေ့ရသည်မှာ နာကျင်လှပါသည်။ ယခုအချိန်တောင်မှတောထဲတွင်ခိုအောင်းနေ ရပါသည်။ ဤအရာသည်သူမ၏ပူပန်မှုကိုမလွဲဧကန်ထိပ်ဆုံးသို့ ရောက်စေပါသည်။ ကျွန်ပ်သည်အမေ၏ငြိမ်းချမ်းမှုကို တစ်ကြိမ် လောက်မြင်တွေ့ချင်ပါသည်။ ကျွန်ပ်သည်လည်းများစွာစိုးရိမ်ပါ သည်။ တစ်ခါတစ်ရံဘာမှမဟုတ်သောအရာများအပေါ်တွင်စိုးရိမ် ပူပန်မှုမြင်ရပါသည်။ ပူပန်သောကကိုရှောင်လွှဲမရနိုင်သော်လည်း ထိုစိုးရိမ်မှုများကျွန်ပ်တို့ကိုလွှမ်းခြုံခွင့်ပေးပါက ကျွန်ပ်တို့အသက် တာတွင်ဘုရားသခင်၏နေရာပျောက်ဆုံးနိုင်ပါသည်။ တစ်ခါတစ် လေအမေ့ကို “ဘုရားသခင်ယခုထိမသေပါ” ဟုပြောပါသည်။ စိုးရိမ်ပူပန်ခြင်းဖြင့်အသက်တာကိုဆွဲဆန့်၍မရနိုင်ပါ။ ကျွန်ပ်တို့ ကိုးကွယ်သောဘုရားသခင်သည်ကျွန်ပ်တို့၏သောကများနှင့် ပြဿနာများထက်ပို၍ကြီးမားကြောင်း တစ်ဦးနှင့်တစ်ဦးသတိပေး ကြပါစို့။ စိုးရိမ်ပူပန်ငြီးတွားနေမည့်အစားခံစားရသောကောင်းချီး မဂႅလာရေတွက်ခြင်း၊ ချီးမွမ်းခြင်း၊ ဆုတောင်းခြင်းအလေ့အထ စိတ်ဓာတ်ပျိုးထောင်ခြင်း နှင့်ဘုရားသခင်၏ကူညီထောက်ပံ့ပို့ ဆောင်ခြင်းကိုယုံကြည်လိုက်ပါ။
အိုအဖ စိုးရိမ်သောကများကိုကိုယ်တော်ထံအပ်နှံပါ၏။ ဝန်ထုပ်ဝန်ပိုးများကိုကျေးဇူးပြု၍ပေါ့ပါးစေတော်မူ၍ကိုယ်တော်ကိုပိုပြီးယုံကြည်ကိုးစားရန်သွန်သင်တော်မူပါ။
ယေရှုနာမ၌ဆုတောင်းပါ၏။ အာမင်။